ကွတ်ခိုင်မြို့နယ်တွင် လက်နက်ကြီးကျည်ပေါက်ကွဲ၍ ကလေး ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ

June 28, 2018

ကွတ်ခိုင်မြို့နယ်တွင် လက်နက်ကြီးကျည်ပေါက်ကွဲ၍ ကလေး ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ မန်နိမ်အွမ်ကျေးရွာမှာ ဒီမနက်အစောပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၁ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိ တယ်လို့  တီအန်အယ်လ်အေ တပ်ဖွဲ့က သတင်းထုတ်ပါတယ်။ ဒီကနေ့ မနက် ၆ နာရီလောက်မှာ တပ်မ ၈၈ လက်အောက်ခံတပ်က အဲဒီရွာကို ဝင်ရောက်ပြီး လက်နက်ကြီးနဲ့ပတ်ခတ်ခဲ့လို့ ရွာသားတွေဒဏ်ရာရရှိခဲ့တာလို့ PSLF/TNLA သတင်း နှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော်က ပြောပါတယ်။ “ဒီမနက် မန်နိမ်အွမ်ရွာထိပ်မှာ ဖြစ်တာပေါ့။ မနက် ၆ နာရီလောက်က တပ်မတော် ဘက်က မနက်ရွာထိပ်ရောက်တယ်။ အဲဒီကနေ့ပြီးမှာ ရွက်ထဲမှာ လက်နက်ကြီး ၈ ကြိမ် လောက် ပစ်တယ်။ ပစ်ပြီးမှ ရွာသားတွေအကုန်လုံး ထိခိုက်ဒဏ်ရာရတယ်။  ဒဏ်ရာရတာ ၈ ဦး၊ တဦးက ဒဏ်ရာပြင်းထန်တဲ့အတွက် ကွတ်ခိုင်ဆေးရုံကို ပို့ဖို့အတွက် လမ်းမှာပဲဆုံးသွားတာ။ ” ဒဏ်ရာရသူတွေထဲမှာ အသက် ၇ နှစ်ကနေ အသက် ၅၀ နှစ်အကြား ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ကလေးဟာ အသက် ၈ နှစ်အရွယ် မိုင်းကိုကိုဖြစ်ပါတယ်။  ကျန်ဒဏ်ရာရရှိတဲ့ သူတွေကိုတော့ ရွာက သူနာပြုဆရာမကပဲ ကုသပေးထားပါတယ်။
3 years Ago
Up