ကြည့်ရှုသူသန်းချီ

November 13, 2020

နာရီပိုင်းအတွင်း ယူကျုဘ်ပေါ် ကြည့်ရှုသူသန်းချီရှိနေခဲ့သည့် Billie Eilish သီချင်းသစ်(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

ဆယ်ကျော်သက် အနုပညာရှင်ကောင်မလေး Billie Eilish ရဲ့ သီချင်းသစ်တပုဒ်ဟာ ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့ပါတယ်။ Therefore I Am လို့ အမည်ပေးထားတဲ့ ဒီသီချင်းထဲမှာတော့ သူ့ရဲ့ တမူထူးခြားတဲ့ သီဆိုဟန်နဲ့ ခံစားနားဆင်ရမယ့်အပြင် လူသူတဦးတယောက်မှ မရှိတဲ့ ကယ်လီဖိုးနီးယား ကုန်တိုက်တခုထဲမှာ Billie Eilish ကိုယ်တိုင် ဒါရိုက်တာအနေနဲ့ တကိုယ်တော် ရိုက်ကူးမှု အနေနဲ့ မြူးဇစ်ဗီဒီယိုထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ Billie Eilish ကိုတော့ ပြီးခဲ့တဲ့ ဂရမ်မီတေးဂီတဆုချီးမြှင့်ပွဲမှာ ဆုအများဆုံး သိမ်း ပိုက်သွားနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး အနုပညာရှင်အနေနဲ့ သိကြပြီး ဖြစ်မှာပါ။ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ Billie Eilish ဟာ  ၆၂ ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ ဆုချီးမြှင့်ပွဲမှာ Album of the Year ဆုအပါအဝင် ဆုပေါင်း ၅ ဆုရရှိခဲ့တာ ဖြစ် ပါတယ်။ အရင်က Album of the Year ဆုကို Fearless တေးအယ်လ်ဘမ်နဲ့ အဆိုတော် တေလာဆွစ်ဖ်က အသက် ၂၀ အရွယ်မှာ ဆွတ်ခူးခဲ့တာမို့ Billie Eilish က ခုလိုဆွတ်ခူး နိုင်ခဲ့တာဟာ စံချိန်တင်အသက်အငယ်ဆုံး အနုပညာရှင်ဖြစ်လာခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က အွန်လိုင်းအော်ဒီယိုမြူးဇစ်တွေ မျှဝေရာ အင်တာ နက်ပလက်ဖောင်းတခုဖြစ်တဲ့ Soundcloud ပေါ်မှာ "Ocean Eyes"အမည်ရတဲ့ သီချင်း တပုဒ်ကို မျှဝေခဲ့ရာကတဆင့် လူသိများလာခဲ့ပြီး ဂီတအနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာခဲ့သူ ဖြစ်ပါတယ်။ လတ်တလောမှာတော့ Billie Eilish ဟာ ဂီတလမ်းကြောင်းပေါ်မှာ အောင်အောင် မြင်မြင် လျှောက်လှမ်းနိုင်ခဲ့တဲ့ ထိပ်သီးလူငယ်အနုပညာရှင်တယောက် ဖြစ်လာခဲ့ပြီ ဖြစ် ကာ နာမည်ကျော် တိုင်းမ်မဂ္ဂဇင်းကလည်း ၂၀၁၉ ခုနှစ်အတွက် "Time 100 Next" စာ ရင်းထဲမှာ ထည့်သွင်း ဖော်ပြခံခဲ့ရပါတယ်။ လက်ရှိအချိန်ထိ Billie Eilish ဟာ တကိုယ်တော် တေးအယ်လ်ဘမ်တွေဖြစ်တဲ့ Don't Smile at Me(2017) ၊ When We All Fall Asleep, Where Do We Go?(2019)၊ Live at Third Man Records(2019) စတဲ့ တေးအယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပြီး တ ကိုယ်တော် နယ်လှည့်တေးဂီတဖျော်ဖြေပွဲတွေမှာလည်း ပါဝင်နေခဲ့ပြီ ဖြစ်ပါတယ်။ နောက်ပြီး Billie Eilish ဟာ နောက်ဆုံးထွက် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားသစ်ထဲမှာ ပါ ဝင်မယ့် “No Time to Die” ဇာတ်ဝင်တေးကိုလည်း သီဆိုပေးထားခဲ့ပြီး ရေပန်းစားခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ Therefore I Am သီချင်းရုပ်သံဗွီဒီယိုဖိုင်ကို တော့ယူကျုဘ်ပေါ်မှာ နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၉ သန်း နီး ပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up