ကြည့်ရှုခွင့်

A d v e r t i s e m e n t With Us

July 3, 2020

ပြင်သစ်အိုးပင်းပြိုင်ပွဲတွင် ပရိသတ် ၆၀ ရာခိုင်နှုန်းခန့် ဝင်ကြည့်ရှုခွင့်ပေးမည်

ပြင်သစ်အိုးပင်းတင်းနစ် ပြိုင်ပွဲမှာ ပရိသတ်ဝင်ဆံ့တဲ့ ဦးရေရဲ့ ၆၀ ရာခိုင်နူန်းခန့် ဝင်ရောက်ကြည့်ရှုခွင့်ပေးမယ်လို့ ပြိုင်ပွဲစီစဉ်သူတွေက ပြောပါတယ်။  ပြင်သစ်အိုးပင်းပြိုင်ပွဲကို မေလနဲ့ ဇွန်လတွေမှာ ကျင်းပလေ့ရှိပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လာမယ့်စက်တင်ဘာ ၂၇ မှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။  အဓိက လက်ကခံကျင်းပမယ့်ကွင်းမှာ  ပရိသတ် ၄ ဦးကို တစ်ဖွဲ့ ခွဲပြီး  ကန့်သတ်ချက်တွေနဲ့ ဝင်ရောက်ကြည့်ရှုခွင့်ပေးမှာဖြစ်ပြီး တခြားကွင်းတွေမှာတော့ ထိုင်ခုံ တစ်ခုချင်းစီခြားပြီးနေရာ ချထားပေးမယ်လို့ ပြင်သစ်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဂူဒီဆယ်လီက ပြောပါတယ်။  ၂ ပတ်ကြာ ကျင်းပမယ့် ပထမအဆင့်ပွဲစဉ်တွေမှာ ပရိသတ် ၂ သောင်းခန့် ကွင်းထဲလာရောက်ကြည့်ရူခွင့်ပြုဖို့ စီစဉ်ထားပြီး ဗိုလ်လုပွဲနေ့မှာတော့ ပရိသတ် ၁ သောင်းခန့် ကွင်းထဲဝင်ကြည့်ခွင့်ပေးမယ်လို့ သိရပါတယ်။  ပရိသတ်တွေအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေကိုတော့ လိုက်နာရမယ်လို့ သိရပါတယ်။ 
8 months Ago
Up