ကြင်ရာတော်ငယ်

August 28, 2019

ထိုင်းဘုရင်၏ ကြင်ရာတော်ငယ် ဓာတ်ပုံနှင့် ကိုယ်ရေးရာဇဝင်များ ထွက်ပေါ်လာ

ပြီးခဲ့တဲ့ မေလ နန်းတက်ပွဲမှာ ဘုရင့်ကိုယ်ရံတော် အမျိုးသမီးစစ်ဗိုလ်ချုပ် ဆုသီတာကို မိဖုရားအဖြစ် တင်မြှောက်ခဲ့တဲ့ ထိုင်းနိုင်ငံ ဒသမမြောက်ဘုရင် မဟာဝဇီရာလောင်ကွန်းဟာ နန်းသက် တနှစ်မပြည့်ခင်မှာဘဲ နောက်ထပ် အမျိုးသမီးစစ်ဗိုလ်ချုပ်တဦးကို ကြင်ရာတော်အဖြစ် ထပ်မံတင်မြှောက်ခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးမှာ ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့မှ အသက် ၃၄ နှစ်ရွယ်ရှိ ဆီရီနတ် ဆိုသူဖြစ်ပြီး ဘုရင်ကြီးရဲ့  ပြီးခဲ့တဲ့ မွေးနေ့မှာပဲ ကျောက်ခွန်ဖရဆီရီနတ် ဖိလတ်ကလျာဏီ ဆိုတဲ့ ဘွဲ့နဲ့ ဘုရင့်ကြင်ရာတော် အဆောင်အယောင်တွေ အပ်နှင်းခံခဲ့ရပါတယ်။ သြဂုတ်လ ၂၆ ရက်နေ့မှာတော့ ဘုရင်ကြီးက ကြင်ရာတော် ဆီရီနတ်ရဲ့ ကိုယ်ရေးရာဇဝင်နဲ့ သူနဲ့ ယခင်က လှုပ်ရှားသွားလာခဲ့တဲ့ ဓာတ်ပုံဟောင်းတွေကို တိုင်းသူပြည်သားများအား ထုတ်ဖော်ပြသခွင့်ပြုလိုက်ပါတယ်။ ကြင်ရာတော်ဆီရီနတ်ဟာ ထိုင်းမြောက်ပိုင်း နန့်ခရိုင်ဇာတိဖြစ်ပြီး လွန်ခဲ့တဲ့ ၁၁ နှစ်က ထိုင်းစစ်တက္ကသိုလ်ကနေ စစ်သူနာပြုဘွဲ့ကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ဘုရင့်ကိုယ်ရံတော်တပ်ထဲမှာ တာဝန်ထမ်းဆောင်ပြီး ဗိုလ်သင်တန်း၊ ကြည်းတပ်၊ လေတပ် တိုက်ခိုက်ရေးသင်တန်းတွေမှာပါ တက်ရောက် အောင်မြင်ခဲ့ပါတယ်။ သူဟာလေကြောင်းတိုက်ခိုက်ရေးသင်တန်းမှာဆိုရင် လေယာဉ်ပေါ်ကနေ လေထီးနဲ့  နေ့ခင်းပိုင်း ခုန်ချနည်း၊ ညပိုင်း ခုန်ချနည်းတွေ အောင်မြင်ပြီး ဂျာမနီနိုင်ငံ Jesenwang လေကြောင်းတက္ကသိုလ်ကနေ လေယာဉ်မောင်းသင်တန်းတက်ရောက်ကာ လေယာဉ်မှူး လိုင်စင် ရရှိခဲ့ပါတယ်။ ထိုင်းနန်းတော်ဓလေ့ထုံးစံအရ ဘုရင်တွေဟာ အဂ္ဂမဟေသီမိဖုရား၊ မိဖုရား၊ ကြင်ရာတော်၊ ကိုယ်လုပ်တော်၊ မောင်းမတော် အစရှိသဖြင့် အမျိုးသမီးတွေကို လက်ဆက်ခွင့်ရှိပြီး ကြင်ရာတော် ဆီရီနတ်ကဲ့သို့သော အရိုက်အရာကို ဆဋ္ဌမမြောက်ထိုင်း ဘုရင်ခေတ်ကလည်း အမျိုးသမီး ၁ ဦးအား အပ်နှင်းခဲ့ဖူးပါတယ်။ ၂၀၁၆ က နတ်ရွာစံသွားသော နဝမမြောက် ထိုင်းဘုရင်ကြီး ဘူမိဘောလ်အဒူယာဒေ့ချ်ကတော့ မိဖုရားတော်ကြီး တပါးတည်းသာရှိပြီး လက်ရှိမိဖုရားတော်ကြီး သီရီခေတ် (သက်တော် ၈၇ နှစ်) မှာ သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်ပါတယ်။ ဓာတ်ပုံ- Bangkok Biznews ~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ထိုင္းဘုရင္၏ ၾကင္ရာေတာ္ငယ္ ဓာတ္ပုံႏွင့္ ကိုယ္ေရးရာဇဝင္မ်ား ထြက္ေပၚလာ ၿပီးခဲ့တဲ့ ေမလ နန္းတက္ပြဲမွာ ဘုရင့္ကိုယ္ရံေတာ္ အမ်ိဳးသမီးစစ္ဗိုလ္ခ်ဳပ္ ဆုသီတာကို မိဖုရားအျဖစ္ တင္ေျမႇာက္ခဲ့တဲ့ ထိုင္းႏိုင္ငံ ဒႆမေျမာက္ဘုရင္ မဟာဝဇီရာေလာင္ကြန္းဟာ နန္းသက္ တႏွစ္မျပည့္ခင္မွာဘဲ ေနာက္ထပ္ အမ်ိဳးသမီးစစ္ဗိုလ္ခ်ဳပ္တဦးကို ၾကင္ရာေတာ္အျဖစ္ ထပ္မံတင္ေျမႇာက္ခဲ့ပါတယ္။ အဆိုပါ အမ်ိဳးသမီးမွာ ဘုရင့္ကိုယ္ရံေတာ္တပ္ဖြဲ႕မွ အသက္ ၃၄ ႏွစ္႐ြယ္ရွိ ဆီရီနတ္ ဆိုသူျဖစ္ၿပီး ဘုရင္ႀကီးရဲ႕  ၿပီးခဲ့တဲ့ ေမြးေန႔မွာပဲ ေက်ာက္ခြန္ဖရဆီရီနတ္ ဖိလတ္ကလ်ာဏီ ဆိုတဲ့ ဘြဲ႕နဲ႔ ဘုရင့္ၾကင္ရာေတာ္ အေဆာင္အေယာင္ေတြ အပ္ႏွင္းခံခဲ့ရပါတယ္။ ၾသဂုတ္လ ၂၆ ရက္ေန႔မွာေတာ့ ဘုရင္ႀကီးက ၾကင္ရာေတာ္ ဆီရီနတ္ရဲ႕ ကိုယ္ေရးရာဇဝင္နဲ႔ သူနဲ႔ ယခင္က လႈပ္ရွားသြားလာခဲ့တဲ့ ဓာတ္ပုံေဟာင္းေတြကို တိုင္းသူျပည္သားမ်ားအား ထုတ္ေဖာ္ျပသခြင့္ျပဳလိုက္ပါတယ္။ ၾကင္ရာေတာ္ဆီရီနတ္ဟာ ထိုင္းေျမာက္ပိုင္း နန႔္ခ႐ိုင္ဇာတိျဖစ္ၿပီး လြန္ခဲ့တဲ့ ၁၁ ႏွစ္က ထိုင္းစစ္တကၠသိုလ္ကေန စစ္သူနာျပဳဘြဲ႕ကို ရရွိခဲ့ပါတယ္။ အဲဒီေနာက္ ဘုရင့္ကိုယ္ရံေတာ္တပ္ထဲမွာ တာဝန္ထမ္းေဆာင္ၿပီး ဗိုလ္သင္တန္း၊ ၾကည္းတပ္၊ ေလတပ္ တိုက္ခိုက္ေရးသင္တန္းေတြမွာပါ တက္ေရာက္ ေအာင္ျမင္ခဲ့ပါတယ္။ သူဟာေလေၾကာင္းတိုက္ခိုက္ေရးသင္တန္းမွာဆိုရင္ ေလယာဥ္ေပၚကေန ေလထီးနဲ႔  ေန႔ခင္းပိုင္း ခုန္ခ်နည္း၊ ညပိုင္း ခုန္ခ်နည္းေတြ ေအာင္ျမင္ၿပီး ဂ်ာမနီႏိုင္ငံ Jesenwang ေလေၾကာင္းတကၠသိုလ္ကေန ေလယာဥ္ေမာင္းသင္တန္းတက္ေရာက္ကာ ေလယာဥ္မႉး လိုင္စင္ ရရွိခဲ့ပါတယ္။ ထိုင္းနန္းေတာ္ဓေလ့ထုံးစံအရ ဘုရင္ေတြဟာ အဂၢမေဟသီမိဖုရား၊ မိဖုရား၊ ၾကင္ရာေတာ္၊ ကိုယ္လုပ္ေတာ္၊ ေမာင္းမေတာ္ အစရွိသျဖင့္ အမ်ိဳးသမီးေတြကို လက္ဆက္ခြင့္ရွိၿပီး ၾကင္ရာေတာ္ ဆီရီနတ္ကဲ့သို႔ေသာ အ႐ိုက္အရာကို ဆ႒မေျမာက္ထိုင္း ဘုရင္ေခတ္ကလည္း အမ်ိဳးသမီး ၁ ဦးအား အပ္ႏွင္းခဲ့ဖူးပါတယ္။ ၂၀၁၆ က နတ္႐ြာစံသြားေသာ နဝမေျမာက္ ထိုင္းဘုရင္ႀကီး ဘူမိေဘာလ္အဒူယာေဒ့ခ်္ကေတာ့ မိဖုရားေတာ္ႀကီး တပါးတည္းသာရွိၿပီး လက္ရွိမိဖုရားေတာ္ႀကီး သီရီေခတ္ (သက္ေတာ္ ၈၇ ႏွစ္) မွာ သက္ရွိထင္ရွား ရွိေနဆဲ ျဖစ္ပါတယ္။ ဓာတ္ပုံ- Bangkok Biznews
2 years Ago
Up