ကွင်းအသစ်

March 25, 2019

စပါးအသင်း၏ ပေါင် ၁ ဘီလီယံတန် ကွင်းသစ်ကြီး ပထမဆုံး စမ်းသပ်ဖွင့်လှစ်

စပါးအသင်းရဲ့ ပေါင် ၁ ဘီလီယံတန်ကြေးရှိ ကွင်းသစ်ကြီးကို မတ်လ ၂၄ ရက်မှာ ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ဖွင့်လှစ်မှာ ဖြစ်ပြီး ယူ ၁၈ ပွဲစဉ်ဖြစ်တဲ့ ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ် ကစားမှာလည်း ဖြစ်ပါတယ်။ အသင်းကြီးပွဲစဉ်ကိုတော့ ဧပြီ ၃ ရက်မှာ စတင်ကစားမှာဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ် ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ပရိသတ် ၆၂၀၀၀ ကျော်ဝင်ဆန့်တဲ့ ကွင်းသစ်ကြီးမှာ အဆင့်မီနည်းပညာတွေ အသုံးပြုထားပြီး စတုရန်းပေ ၂၃၀၀ ကျော်ကျယ်ဝန်းတဲ့ ဆိုင်ခန်းဧရိယာလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပီအက်စ်ဖိုး ဂိမ်းဝါသနာပါသူတွေ ကစားနိုင်မယ့် ခုံပေါင်း ၁၀၀ ကျော်ပါဝင်ပြီး ၆၅ မီတာရှည်တဲ့ ဥရောပရဲ့ အရှည်ဆုံး ဘီယာဘားလည်း ပါရှိပါတယ်။ ပရီမီယံလက်မှတ် ဝယ်ယူသူတွေအတွက် USB ပေါက်နဲ့ အနွေးပေးစက်ပါဝင်တဲ့ ခုံပေါင်း ၁၅၀၀၀ လည်း ထည့်သွင်းထားတယ်လို့သိရပါတယ်။ စပါးအသင်းရဲ့ ဘောလုံးကွင်းသစ်ဟာ ဘောလုံးကစားနည်း တမျိုးတည်းအတွက် တည်ဆောက်ထားတာမဟုတ်ဘဲ အမေရိကန်ဖွတ်ဘော NFL ပွဲစဉ်တွေကိုပါ ကစားနိုင်ဖို့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ကွင်းပုံစံမြက်ခင်း ပြောင်းလဲဖို့အတွက် အလက်ထရစ်မော်တာ ၆၈ လုံးနဲ့ ဘီးလုံး ၁၆၈ ခု အလုပ်လုပ်မှာ ဖြစ်ပြီး ပြောင်းလဲချိန်ကတော့ ၂၅ မိနစ်ကြာမြင့်မှာ ဖြစ်ပါတယ်။
2 years Ago
Up