စပါးအသင်းဟာ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ အယ်လီကို နှစ်ရှည်စာချုပ် သက်တမ်းတိုးလိုက်ပါတယ်။
အသက် ၂၀ ရှိ အယ်လီဟာ စပါးအသင်းနဲ့ ၆ နှစ် သက်တမ်းတိုးခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်အထိ စပါးအသင်းမှာ ဆက်ရှိတော့မှာပါ။
အယ်လီဟာ ပြီးခဲ့တဲ့ရာသီက စပါးအသင်းအတွက် ၄၆ ပွဲအထိကစားပြီး ၁၀ ဂိုးသွင်းကာ ခြေစွမ်းပြခဲ့လို့ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။
စပါးအသင်းလို လူငယ်ကစားသမားကောင်းတွေ ရှိတဲ့အသင်းမှာ ဆက်လက်ကစားခွင့်ရမှာဖြစ်လို့ ပျော်ရွှင်မိတယ်လို့ စာချုပ်ချုပ်ဆိုအပြီးမှာ အယ်လီက ပြောပါတယ်။
အယ်လီဟာ ကစားသမားဘ၀ကို အောက်တန်းလိဂ်ကလပ် MK ဒွန်း အသင်းမှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်ကမှ စပါးအသင်းဆီ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။
4 years Ago