ကွင်းလယ်လူ ရှနိုက်ဒါလင်အတွက် ပေါင်သန်း ၂၀ အထက်ပေးရန် မန်ယူက အဲဗာတန်ကို တောင်းဆို

January 9, 2017

ကွင်းလယ်လူ ရှနိုက်ဒါလင်အတွက် ပေါင်သန်း ၂၀ အထက်ပေးရန် မန်ယူက အဲဗာတန်ကို တောင်းဆို

မန်ယူအသင်းဟာ ကွင်းလယ်ကစားသမား ရှနိုက်ဒါလင်အတွက် ပေါင် သန်း၂၀ အထက်ပေးဖို့ အဲဗာတန်အသင်းကို တောင်းဆိုလိုက်ပါတယ်။ အဲဗာတန်အသင်းဟာ မန်ယူအသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ပြင်သစ်ကစားသမား ရှနိုက်ဒါလင်ကို ပေါင်သန်း ၂၀ အောက်ပမာဏနဲ့ ကမ်းလှမ်းမှုကြောင့် မန်ယူအသင်းက အခုလို တောင်းဆိုလိုက်တာလို့ သိရပါတယ်။ အသက် ၂၇ နှစ်ရှိ ရှနိုက်ဒါလင်ဟာ လွန်ခဲ့တဲ့ ၁၈ လကမှ ဆောက်သမ်တန်အသင်းကနေ ပေါင် ၂၄ သန်းနဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း မန်ယူအသင်းမှာ ပွဲထွက်ခွင့်မရတာကြောင့် အဲဗာတန်အသင်းကို ပြောင်းရွှေ့လိုပြီး ပြောင်းရွှေ့ကြေးအတွက် အဆင်မပြေ ဖြစ်နေတာပါ။ မန်ယူအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ တောင်ပံကစားသမား ဒီပိုင်းနဲ့ ကွင်းလယ်ကစားသမား ရှနိုက်ဒါလင်တို့ကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားပါတယ်။ တောင်ပံကစားသမား ဒီပိုင်းကို အဲဗာတန် သို့မဟုတ် တူရကီကလပ် ဖီနာဘာချီအသင်းထံ ရောင်းချဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
5 years Ago
Up