ကွင်းလယ်လူ ရမ်ဆေးကို အာဆင်နယ် သက်တမ်းတိုးရန် ဆွေးနွေးနေ

February 6, 2018

ကွင်းလယ်လူ ရမ်ဆေးကို အာဆင်နယ် သက်တမ်းတိုးရန် ဆွေးနွေးနေ

အာဆင်နယ်အသင်းဟာ ကစားသမားတချို့နဲ့ စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေပြီး အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် လုပ်ခလစာပေးချေမှု အများဆုံးဖြစ်လာဖို့ ရှိနေပါတယ်။ လက်ရှိအချိန်မှာ ကွင်းလယ်ကစားသမား ရမ်ဆေးကို စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးနေပြီး လက်ရှိပေးချေနေတဲ့ တပတ် ပေါင်တသိန်းတသောင်းထက်ပိုပြီး ပေးချေရဖို့ရှိတာပါ။ ဝေးလ်လက်ရွေးစင် ရမ်ဆေးဟာ ပြီးခဲ့တဲ့တပတ် ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ပွဲမှာ ဟက်ထရစ် သုံးဂိုးသွင်းထားတာပါ။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ကွင်းလယ်ကစားသမား အိုဇေးလ်ကို တပတ်လုပ်ခ ပေါင်သုံးသိန်းခွဲအထိပေးပြီး စာချုပ်သက်တမ်း တိုးထားပါတယ်။ ဒါ့အပြင် ဒီနှစ် ဇန်နဝါရီမှာ ခေါ်ယူလိုက်တဲ့ တိုက်စစ်မှူး အူဘာမီယန်းနဲ့ ကွင်းလယ်ကစားသမား မစ်ခီတာယန်းတို့ကိုလည်း တပတ်လုပ်ခ ပေါင်နှစ်သိန်းအထိ ပေးချေထားရလို့ အသင်းသမိုင်းတလျှောက် လုပ်ခပေးချေမှု အမြင့်ဆုံးဖြစ်လာဖို့ ရှိနေပါတယ်။
3 years Ago
Up