ကွင်းလယ်လူ ဖာဘရီဂတ်စ်ကို သက်တမ်းတိုးရန် ချဲလ်ဆီး စီစဉ်

November 1, 2017

ကွင်းလယ်လူ ဖာဘရီဂတ်စ်ကို သက်တမ်းတိုးရန် ချဲလ်ဆီး စီစဉ်

ချဲလ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ကို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေပါတယ်။ ဖာဘရီဂတ်စ်ဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့တာဖြစ်ပြီး မန်ယူအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ချဲလ်ဆီးအသင်းက သက်တမ်းတိုးဖို့ ဖြစ်လာတာပါ။ အသက် ၃၀ နှစ်ရှိ ဖာဘရီဂတ်စ်ဟာ ပြီးခဲ့တဲ့နှစ်က ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပေမယ့် ဒီနှစ်ရာသီမှာတော့ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၈ ပွဲအထိ ပွဲထွက်ကစားခွင့် ရခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ အသက် ၃၀ ကျော်တဲ့ ကစားသမားတွေကို စာချုပ်သက်တမ်း တနှစ်ပဲတိုးတဲ့ မူဝါဒရှိတာကြောင့် ဖာဘရီဂတ်စ်ကိုလည်း တနှစ်သာ သက်တမ်းတိုးဖို့ ရှိနေပါတယ်။
4 years Ago
Up