ကွင်းလယ်လူ ဒီဘရိုင်း မန်စီးတီးနှင့် ကာလရှည်စာချုပ်သစ်ချုပ်ဆို

January 23, 2018

ကွင်းလယ်လူ ဒီဘရိုင်း မန်စီးတီးနှင့် ကာလရှည်စာချုပ်သစ်ချုပ်ဆို

မန်​စီးတီးအသင်းရဲ့ အားထားရတဲ့ လူငယ်​ကွင်းလယ်​ကစားသမား ဒီဘရိုင်းဟာ အသင်းနဲ့ ကာလရှည်​စာချုပ်​သစ် ချုပ်​ဆိုခဲ့ပါတယ်​။ ဒီဘရိုင်းဟာ စာချုပ်​သစ်​အရ အရင်​ကရရှိခဲ့တဲ့ တပတ်လုပ်ခ ​ပေါင်​ ၂ သိန်း ၈ သောင်းက​နေ ​ပေါင်​ ၃ သိန်းခွဲထိ တိုးမြှင့်​ရရှိမှာလည်း ဖြစ်​ပါတယ်​။ ၅ နှစ်​စာချုပ် ချုပ်​ဆိုခဲ့တဲ့ ဘယ်​လ်​ဂျီယံ ကစားသမားဟာ မန်​စီးတီးအသင်းနဲ့ စာချုပ်​သစ်​ ချုပ်​ဆိုနိုင်ခဲ့လို့ ​ပျော်​ရွှင်​​နေပြီး​ အသင်းဟာ သူ့အတွက်​ အိမ်​လိုဖြစ်​​နေ​ကြောင်း ထုတ်​​ဖော်​​ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ စီမံကိန်းနဲ့ပတ်​သက်လို့ ​ကျေနပ်​အားရမှုရှိပြီး​ လူငယ်​ကစားသမား​တွေအတွက် ​အောင်​မြင်​နိုင်​မယ့်​အသင်း ဖြစ်​တယ်​လို့ ဆိုပါတယ်​။ ဒီဘရိုင်းဟာ ၂၀၁၅ ခုနှစ်​ သြဂုတ်​လက ဂျာမန်​ကလပ်​ ဝုဖ်​ဘတ်​အသင်းက​နေ ​ပေါင်​ ၅၅ သန်းနဲ့ ​ပြောင်း​ရွှေ့လာခဲ့တာဖြစ်​ပြီး​ ကစားခဲ့တဲ့ပွဲ​ပေါင်း ၁၂၂ ပွဲမှာ ၃၁ ဂိုး သွင်းယူ​ပေးထားသလို ဂိုးဖန်​တီးမှု အကြိမ် ၅၀ ထိ ပြုလုပ်​ထားနိုင်​တဲ့ ကစားသမားလည်း ဖြစ်​ပါတယ်​။ လက်​ရှိအချိန်​မှာ မန်​စီးတီးအသင်းဟာ ဒီဘရိုင်းအပါအဝင်​ ကစားသမား​ကောင်း​တွေနဲ့ ​ခြေစွမ်းတည်​ငြိမ်​​နေပြီး​ ပရီးမီးယားလိဂ်​ဆုဖလား၊ ချန်​ပီယံလိဂ်​နဲ့ တခြားဆုဖလား​တွေ ဆွတ်​ခူးနိုင်​တဲ့ အ​ခြေအ​နေမှာ ရှိ​နေတယ်​လို့ သုံးသပ်​​နေကြပါတယ်​။
4 years Ago
Up