ကွင်းလယ်ကစားသမား ရီဘာရီကို ဘိုင်ယန်မြူးနစ် စာချုပ်သက်တမ်းတိုး

November 28, 2016

ကွင်းလယ်ကစားသမား ရီဘာရီကို ဘိုင်ယန်မြူးနစ် စာချုပ်သက်တမ်းတိုး

ဘိုင်ယန်မြူးနစ်အသင်းက ကွင်းလယ်ကစားသမား ရီဘာရီကို တနှစ်စာချုပ် သက်တမ်းတိုးလိုက်ပါတယ်။ စာချုပ်သစ်ကြောင့် ပြင်သစ်ကွင်းလယ်ကစားသမားဟာ ဂျာမန်ကလပ်မှာ ၂၀၁၈ အထိ ရှိနေမှာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ရီဘာရီဟာ ဘွန်ဒတ်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အတွက် ၁၀ ရာသီ ကစားပေးထားပြီး ပွဲပေါင်း ၃၃၃ ပွဲမှာ ၁၀၈ ဂိုး သွင်းပေးထားပါတယ်။ သူဟာ အသင်းနဲ့အတူ အမှတ်ပေးချန်ပီယံဆု ၆ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရဖူးထားပါတယ်။ ရီဘာရီဟာ ပြင်သစ်ကလပ် မာဆေးကနေ ၂၀၀၇ မှာ ဘိုင်ယန်မြူးနစ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up