ကွင်းလယ်ကစားသမား ဂန်ဒိုဂန် ဒဏ်ရာထပ်ရမှု မပြင်းထန်ရန် ဂွါဒီယိုလာ မျှော်လင့်

September 22, 2017

ကွင်းလယ်ကစားသမား ဂန်ဒိုဂန် ဒဏ်ရာထပ်ရမှု မပြင်းထန်ရန် ဂွါဒီယိုလာ မျှော်လင့်

ဝက်စ်ဘရွန်းကို အနိုင်ရခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ ကွင်းလယ်ကစားသမား ဂန်ဒိုဂန် ဒဏ်ရာထပ်ရခဲ့တာနဲ့ ပတ်သက်ပြီး မပြင်းထန်ဖို့ နည်းပြ ဂွါဒီယိုလာက မျှော်လင့်ထားပါတယ်။ ဂျာမနီကစားသမား ဂန်ဒိုဂန်ဟာ ဒဏ်ရာပြသနာတွေကြောင့် ၉ လကြာ အနားယူနေရသူဖြစ်ပြီး ဝက်စ်ဘရွန်းနဲ့ပွဲမှာ ပြန်လည်ပွဲထွက်ခဲ့တာပါ။ ပွဲချိန် ၅၄ မိနစ်မှာ ဝက်စ်ဘရွန်းကွင်းလယ်လူ ရာကော့ရဲ့ ဖျက်ထုတ်မှုကြောင့် ဘယ်ဘက်ဒူးဒဏ်ရာ ရခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၂ ရက်နေ့ စကန်ဖတ် စစ်ဆေးမှာဖြစ်ပါတယ်။ အသင်းဆေးအဖွဲ့ရဲ့ ပြောကြားချက်အရ ကြီးမားတဲ့ဒဏ်ရာ မဟုတ်ဘူးလို့ သိထားပေမယ့် စစ်ဆေးပြီးမှ ဘယ်လောက်အထိ အနားယူရမလဲဆိုတာ သိရမှာဖြစ်ပြီး ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်တယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ အသက် ၂၆ နှစ်ရှိ ဂန်ဒိုဂန်ဟာ ၂၀၁၆ ခုနှစ်က ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဒဏ်ရာပြဿနာတွေကြောင့် မန်စီးတီးအတွက် ၁၈ ပွဲပဲ ကစားထားရပါတယ်။
4 years Ago
Up