ကွင်းလယ်ကစားသမား

November 18, 2017

ကွင်းလယ်ကစားသမား ကာဇိုလာ၏ဒဏ်ရာ အလွန်ဆိုးရွားဟု အာဆင်ဝင်းဂါး ပြော

ကွင်းလယ်ကစားသမား ကာဇိုလာရဲ့ ဒဏ်ရာလောက် ဆိုးရွားတဲ့ဒဏ်ရာမျိုး မတွေ့ခဲ့ဖူးဘူးလို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။ စပိန်ကစားသမား ကာဇိုလာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ဖနောင့်ကြောဒဏ်ရာ ရခဲ့တာဖြစ်ပြီး သူ့ရဲ့လက်က အသားစနဲ့ ပြန်လည် အစားထိုးခွဲစိတ် ကုသခဲ့ရတာပါ။ ကာဇိုလာရဲ့ဒဏ်ရာဟာ ဆိုးရွားပေမယ့် သူဟာ ဘောလုံးကိုချစ်တဲ့ ကစားသမား ဖြစ်တာကြောင့် ဒဏ်ရာကနေ ပြန်ကောင်းလာဖို့ ကြိုးစားနေပြီး ဒဏ်ရာဆိုးရွားမှုအတွက် စိတ်မကောင်းဖြစ်မိတယ်လို့လည်း အာစင်ဝင်းဂါးက ဆိုပါတယ်။ အသက် ၃၂ နှစ်ရှိ ကွင်းလယ်လူ ကာဇိုလာဟာ ဒဏ်ရာအခြေအနေကြောင့် တနှစ်ကျော်ကြာ အနားယူခဲ့ရပြီး လာမယ့်ဇန်နဝါရီလအတွင်းမှာ ပြန်လည်ပွဲထွက်ကစားနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
4 years Ago

July 22, 2017

ကွင်းလယ်ကစားသမား ကော်တင်ဟိုကို ရောင်းမည်မဟုတ်ဟု လီဗာပူးပြော

လီဗာပူးအသင်းက ကွင်းလယ်သမား ဖိလစ်ပီ ကော်တင်ဟိုကို ရောင်းမှာ မဟုတ်ဘူးလို့ နည်းပြ ဂျာဂန် ကလော့ပ်က ပြောပါတယ်။ အသက် ၂၅ နှစ်အရွယ် ဘရာဇီး ကစားသမားဟာ လီဗာပူးမှာ ခြေစွမ်းပြ ကစားနေသူလည်း ဖြစ်ပါတယ်။ ကော်တင်ဟိုကို ပေါင် ၇၂ သန်းပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးအသင်းက ပယ်ချထား တယ်လို့လည်း ဆိုပါတယ်။ စပိန်ထိပ်သီး ဘာစီလိုနာအသင်းကလည်း ခေါ်ယူဖို့ ကြိုးစားတာတွေ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။ လီဗာပူးက သူ့ကို ပြီးခဲ့တဲ့ ဇန်န၀ါရီကမှ ၅ နှစ်စာချုပ်နဲ့ သက်တမ်းထိုးထားပါတယ်။ ကွင်းလယ်သမားဟာ ပြီးခဲ့တဲ့ ရာသီက လီဗာပူးအတွက် ၁၄ ဂိုး သွင်းယူပေးထားပါတယ်။
4 years Ago
Up