တရုတ်နိုင်ငံတောင်ပိုင်း၊ ဟူနန်ပြည်နယ်၊ ရှောင်းယန်မြို့က ကြက်မွေးမြူရေးခြံမှာ H5N1 ကြက်ငှက်တုပ်ကွေး ကူးစက်နေတယ်လို့ တရုတ်စိုက်ပျိုးရေးနဲ့ ကျေးလက်ရေးရာ ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ကြက် ၇၈၅၀ ရှိတဲ့ မွေးမြူရေးခြံမှာ ကြက်ကောင်ရေ ၄၅၀၀ လောက် ကြက်ငှက်တုပ်ကွေးကြောင့် သေဆုံးခဲ့တာပါ။
ကူးစက်မှုအပြီး ကြက်၊ ဘဲ ကောင်ရေ ၁၇၈၂၈ ကောင်ကို အာဏာပိုင်တွေက သုတ်သင်ရှင်းလင်းခဲ့ပါတယ်။
ဒီသီတင်းပတ် အစောပိုင်းက အိန္ဒိယနိုင်ငံမှာလည်း ကြက်ငှက်တုပ်ကွေး ကူးစက်မှုကြောင့် ကြက်တွေကို အိန္ဒိယအာဏာပိုင်တွေက သုတ်သင်ခဲ့ရပြီး ကြက်ဥတွေကိုလည်း ဖျက်ဆီးခဲ့ရပါတယ်။
လတ်တလော သီတင်းပတ်အတွင်း ဥရောပအရှေ့ပိုင်းမှာ H5N8 ဗိုင်းရပ်စ် ကူးစက်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံအတွင်း ကြက်ငှက်တုပ်ကွေး ကူးစက်မှုကြောင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ စီးပွားရေးအရ ဆုံးရှုံးခဲ့တယ်လို့ ကုလသမဂ္ဂ ပညာရှင်တွေက တွက်ချက် ပြောဆိုထားပါတယ်။
1 year Ago