ကျွမ်းဘားပညာရှင်

June 25, 2020

နှင်းဖုံးတောင်ပေါ်တွင် ဆွစ်ဇာလန် ကျွမ်းဘားပညာရှင်များ ထူးခြားပြကွက်များ စံချိန်ချိုး ပြသ 

ကိုဗစ်-၁၉ ရောဂါ ဖြစ်နေချိန်မှာ  ဆွစ်ဇာလန်နိုင်ငံက ကျွမ်းဘားပညာရှင်တွေဟာ နှင်းဖုံးတောင်တန်းတွေအထက်မှာ ထူးခြားတဲ့ ကျွမ်းဘား ပြကွက်တွေကို စံချိန်ချိုး ပြသခဲ့ကြ ပါတယ်။ ကျွမ်းဘားပညာရှင် ဖရက်ဒီနော့က အမြင့်မီတာ ၃၀၀၀ အထက်မှာ မျက်လုံးကို စည်းထားပြီး စက်ဘီးစီးပြခဲ့ပါတယ်။ နော့ရဲ့ပြကွက်မှာ  စံချိန် ၃ ခုကို  ချိုးပြတဲ့အနေနဲ့ ၃၉ ဒသမ ၁ ဒီဂရီ စောင်းနေတဲ့ ဆင်ခြေလျှောမှာ မီတာ ၄၀ ခန့် ဟန်ချက်မပျက်ဘဲ လျှောက်ပြခဲ့ပါတယ်။  နောက်တစ်ခုက ကေဘယ်ကားပေါ်မှာ ၃၆၇ မီတာ စက်ဘီးစီးပြခဲ့သလို နောက်တစ်ခုကတော့ အဲဒီကေဘယ်ပေါ်မှာပဲ မျက်လုံးကို စည်းထားပြီး ၁၅၁ ဒသမ ၁ မီတာ  လမ်းလျှောက်ပြတာ ဖြစ်ပါတယ်။ ကမ္ဘာတဝန်း ကိုဗစ်၁-၉ ကြောင့် ထိခိုက်ခဲ့တဲ့ အနုပညာရှင်တွေကို အားပေးတဲ့အနေနဲ့  ကျွမ်းဘားစွမ်းရည်ပြပွဲကို နော့နဲ့ Swiss Glacier 3000 အဖွဲ့တို့က ဇွန်လ ၂၃ ရက်မှာ  စီစဉ်ခဲ့တာပါ။ ဆွစ်ကောင်းကင်ကျွမ်းဘားပညာရှင် ဒေးဗစ်မယ်ယာကလည်း မြေပြင် မီတာ  ၂၀၀ အထက် က ကေဘယ်ကားတစ်ခုကနေ တွဲလောင်းခိုပြီး ကျွမ်းဘားပြကွက်တွေကို တင်ဆက်ခဲ့တာပါ။ ပြပွဲမှာ ကျွမ်းဘားပညာရှင် ရာမွိုင်းကတ်သရီနာက သေမင်းချားရဟတ်ရှိုးကို တင်ဆက်ခဲ့သလို  အီတလီ pole dancer ရှီလာနီကိုလော်ဒီကလည်း မီတာ ၃၀၀၀ မြင့်တဲ့ တောင်ပေါ်မှာ ကကွက်တွေ တင်ဆက်ခဲ့တာကို ရိုက်တာက ရိုက်ကူး တင်ဆက်ထားပါတယ်။
11 months Ago
Up