ကျွန်းလှ

March 9, 2021

ကျွန်းလှမြို့နယ်တွင် အုပ်ချုပ်ရေးမှူးအလိုမရှိကြောင်း ဆန္ဒပြ

ဒီနေ့ မတ် ၉ ရက်နေ့ ကျွန်းလှမြို့နယ် ကျီကုန်း၊ စသာကုန်း၊ ရွာသစ်ကုန်း၊ ပိတောက်ကုန်း၊ ဇီးတော၊ ချောင်းကွေ့နီ ရွာသားတွေနဲ့ CDM ဝန်ထမ်းတွေစုပေါင်းပြီး စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ အလိုမရှိကြောင်း လှည့်လည်ဆန္ဒပြခဲ့ပြီး အုပ်ချုပ်ရေးမှူးရုံးမှာလည်း ပြည်သူပိုင်ဖြစ်တယ်လို့ စာရေး ကြွေးကြော်ခဲ့ပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုလည်း စတင်ဖွဲ့စည်းနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

2 months Ago

October 7, 2020

ကျွန်းလှနှင့် ဇီးကုန်းတွင် အန်အယ်လ်ဒီပါတီ ဝန်းရံသူ သောင်းချီ အင်အားပြလှည့်လည် (ဓာတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်နဲ့ ဇီးကုန်းမြို့တို့မှာ အောက်တိုဘာ ၆ ရက်က အန်အယ်လ်ဒီပါတီ ထောက်ခံဝန်းရံသူ အင်အားသောင်းနဲ့ချီပြီး ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်ခဲ့ကြပါတယ်။ ကျွန်းလှမြို့နယ်မှာ လူအင်အားတစ်သောင်းနီးပါး  မြို့တွင်းလမ်းတွေမှာ စီတန်းလှည့်လည်ခဲ့သလို ဇီးကုန်းမြို့နယ်မှာလည်း နေ့လည်ပိုင်းက လူအင်အားတစ်သောင်းနီးပါး လှည့်လည်ခဲ့တာလို့  အန်အယ်လ်ဒီ ပါတီဝန်းရံသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ကိုဗစ်စည်းကမ်းနဲ့အညီ  Mask တပ်ဖို့၊ မော်တော်ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကို  သတ်မှတ်အကွာအဝေးတိုင်း မောင်းနှင်ဖို့ သတ်မှတ်ထားပြီး လူအင်အားပြပွဲမှာ ထောင်ဂဏန်းသာ ပါဝင်ဖို့ ပြင်ဆင်ထားခဲ့ပေမဲ့ လူအင်အားတဖြည်းဖြည်းများလာပြီး တစ်သောင်းနီးပါးအထိ ရှိလာတာလို့   အန်အယ်လ်ဒီပါတီဝန်းရံသူ ကျွန်းလှမြို့နယ်မှ ကိုညီညီဇော်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်နေချိန်ဖြစ်လို့ နိုင်ငံတဝန်းမှာ လူ ၃၀ ထက်ပိုစုဝေးခြင်းမပြုဖို့နဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ လူ ၅၀ ထက်မပိုစေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့် ထုတ်ပြန်ထားပါတယ်။  ပါတီဝန်းရံထောက်ခံသူတွေအနေနဲ့ ယာဉ်အမျိုးမျိုးနဲ့ စုဝေးလှည့်လည် အင်အားပြတာတွေကို ယာယီဆိုင်းငံ့ထားကြဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကလည်း ပန်ကြားချက် ထုတ်ပြန်ထားပါတယ်။  ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာလ ၅ ရက်နေ့ကလည်း အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက ထောက်ခံသူ လူအင်အားတစ်သောင်းနီးပါးနဲ့ လှည့်လည်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ သတင်း- ချိုသဲကြည်
7 months Ago
Up