ကျွန်ပြုချင်နေ

A d v e r t i s e m e n t With Us

December 30, 2019

စပိန်က ဘိုလီးဗီးယားကို ကျွန်ပြုချင်နေဟု သမ္မတဟောင်း ကီရိုဂါ စွပ်စွဲ

စပိန်ဟာ ဘိုလီးဗီးယားနိုင်ငံကို ကျွန်ပြုချင်နေတယ်လို့ ဘိုလီးဗီးယားသမ္မတဟောင်း ဟိုဟေး ကီရိုဂါက စပိန်ဝန်ကြီးချုပ် ပေဒရိုစန်ချဲ့ဇ်ကို ဒီဇင်ဘာ ၂၉ ရက်မှာ စွပ်စွဲလိုက်ပါတယ်။ “ကျနော်တို့ရဲ့ ဘိုလီးဗီးယားနိုင်ငံကို ခေတ်သစ်ကျူးကျော်မှု ပုံစံနဲ့ ကျွန်ပြုမယ့် စရိတ်တွေနဲ့ ခင်ဗျားတို့ ပြည်တွင်းအုပ်ချုပ်ပုံကို ပြင်ဆင်ဖို့ တွက်ချက်မနေပါနဲ့” လို့ ဟိုဟေး ကီရိုဂါက ပြောပါတယ်။ သူဟာ ဘိုလီးဗီးယား နိုင်ငံတကာ လူ့အဖွဲ့အစည်း ကိုယ်စားလှယ်အဖြစ်လည်း ဆောင်ရွက်သူပါ။  ဘိုလီးဗီးယားနိုင်ငံအတွင်း ဒီမိုကရေစီစနစ် ပြန်လည်တည်ဆောက်ရေးကို ဆန့်ကျင်တဲ့ ပူးပေါင်းကြံစည်မှုကို ပြစ်တင်ရှုတ်ချဖို့ လီမာနိုင်ငံများအုပ်စုနဲ့ OAS အုပ်စုတို့ကို တိုင်ကြားမယ်လို့ ဆိုပါတယ်။ ဘိုလီးဗီးယား မြို့တော် လာပဲ့ဇ်က မက္ကဆီကို သံအမတ်ကြီးရဲ့ အိမ်ရှိရာ ဥယျာဉ်အိမ်ရာ ဝင်ပေါက်မှာ ဆုတောင်းပွဲကို လူတစုက ဆက်လုပ်နေပါတယ်။  အရင်လက ဘိုလီးဗီးယားခေါင်းဆောင် အီဗိုမိုရေးစ်ရဲ့ ဆိုရှယ်လစ်အစိုးရ ပြုတ်ကျအပြီး ဘိုလီးဗီးယား ပြည်တွင်းရေးမှာ ဝင်မပါဖို့ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ခါရန်း လွန်ဂါရစ်ခ်က မက္ကဆီကို ကို တိုက်တွန်းထားပါတယ်။ ဘိုလီးဗီးယား အစိုးရက ပုန်ကန်မှု လက်နက်ကိုင် တော်လှန်မှုတွေနဲ့ တရားစွဲချင်နေတဲ့ မိုရေးစ်ရဲ့ မဟာမိတ်တွေအပါအဝင် လူ ၉ ယောက်ကို မက္ကဆီကိုမှာ ခိုလှုံခွင့်ပေးခဲ့တဲ့အပေါ် မက္ကဆီကို သမ္မတ နဲ့ ဘိုလီးဗီးယား ကြားဖြတ်အစိုးရတို့ အငြင်းပွားခဲ့ပါတယ်။ မက္ကဆီကို အစိုးရကလည်း သူ့ရဲ့ သံရုံးဝန်ထမ်းတွေကို ဘိုလီးဗီးယားအစိုးရ အာဏာပိုင်တွေက နှောင့်ယှက် ခြိမ်းခြောက်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအချိန်မှာ စပိန်အစိုးရက အငြင်းပွားမှုထဲကို ရောက်လာတာပါ။ အငြင်းပွားမှုကို ဖြေရှင်းပေးဖို့ မက္ကဆီကိုက နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးကို တိုင်ကြားထားပါတယ်။
1 year Ago
Up