ကျွန်စနစ်အငွေ့အသက်

July 2, 2020

အမေရိကန်တွင် ကျွန်စနစ်အငွေ့အသက်များ ဖယ်ရှား

အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်မှာ  ဇူလိုင်လ ၁  ရက်က   ကွန်ဖက်ဒရိတ်အလံအမှတ်အ သားပါတဲ့ ပြည်နယ်အလံကို  ဖြုတ်ချခဲ့သလို တစ်နေ့တည်းမှာပဲ   ဗာဂျီးနီးယားပြည်နယ် ရစ်ချ်မွန်မြို့မှာ   ကွန်ဖက်ဒရိတ် ဗိုလ်ချုပ်ကြီး စတုန်းဝေါလ်ဂျက်ဆင် ရုပ်တုကိုလည်း ဖယ်ရှားခဲ့ပါတယ်။   အမေရိကန်တဝန်းမှာ ကျွန်အငွေ့အသက်ပါတဲ့ အမှတ်အသား ၊ရုပ်တုတွေကို  ဖယ်ရှားဖို့ ထောက်ခံအားပေးချိန်မှာ   အခုလို ကွန်ဖက်ဒရိတ် အမှတ်အသားပါတဲ့ အလံနဲ့ ရုပ်တုကို ဖယ်ရှား ခဲ့ပါတယ်။   ၁၈၆၁  ကနေ ၁၈၆၅  အတွင်း အမေရိကန်နိုင်ငံမှာ ကျွန်စနစ်လိုလားတဲ့ တောင်ပိုင်း ပြည်နယ် ကွန်ဖက်ဒရိတ်တပ်တွေနဲ့  ကျွန်စနစ်ဖျက်သိမ်းလိုတဲ့ မြောက်ပိုင်း ပြည်နယ်တပ်တွေကြား     ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပါတယ်။  ဒီအတွက်   တောင်ပိုင်းပြည်နယ် မစ္စစ္စပီရဲ့အလံမှာ  ကွန်ဖက်ဒရိတ်တိုက်ပွဲ အလံ အမှတ်အ သားပါပြီး   ဂျက်ဆင်မြို့  ပြည်နယ်လွှတ်တော် အဆောက်အအုံထိပ်မှာ  ၁၂၆ နှစ်ကြာ လွှင့်ထူခဲ့ တာပါ။    ဒါပေမဲ့ အမေရိကန်လူမည်း ဂျော့ဖလွိုက်သေဆုံးပြီးနောက်ပိုင်း ကွန်ဖက်ဒရိတ်  အမှတ်အ သားတွေကို  ဖယ်ရှားမှုတွေ လုပ်လာခဲ့ပါတယ်။   ဒါကြောင့် မစ္စစ္စပီပြည်နယ်အလံကို တိုင်ကနေ ချခဲ့ပြီး   ပြည်နယ်ကော်မရှင်ကနေ အလံသစ်  ဒီဇိုင်း ထုတ်သွားမယ် သိရပါတယ်။  အလားတူ  တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ ဗာဂျီးနီးယားက  ကွန်ဖက်ဒရိတ် ဗိုလ်ချုပ် ရုပ်တုကို ဖယ်ရှားပြီး  တစ်နေရာမှာ သိမ်းဆည်း သွားမယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 
11 months Ago
Up