ဗြိတိန်နိုင်ငံမှာ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေက ၁၇ ရာစုက ကျွန်ကုန်သည် အဒ်ဒွပ် ကိုးလ်စတွန်ရဲ့ ကြေးရုပ်ကို ဇွန်လ ၇ ရက်က မြေပေါ်လှိမ့်ယူသွားကြပြီး ဘရစ္စတိုးလ်မြို့က အာဗွန်မြစ်ထဲ ပစ်ချခဲ့ကြပါတယ်။
ဗြိတိန်တလွှား ထောင်ချီတဲ့ လူတွေလည်း ဆန္ဒပြနေပါတယ်။ လန်ဒန်မြို့မှာတော့ အမေရိကန် သံရုံးအပြင်ဘက်မှာ ထောင်ချီတဲ့ လူတွေ ချီတက် ဆန္ဒပြပါတယ်။
တချို့ကတော့ လူမျိုးရေး ခွဲခြားမှုဟာ ဗိုင်းရပ်တမျိုးပဲဆိုတဲ့ ဆောင်ပုဒ်တွေကို ကိုင်စွဲပြီး ကိုဗစ်-၁၉ ကူးစက်ကပ်ဘေး ကာကွယ်ရေး ပါးစပ်နှာခေါင်းစည်းတွေကို ဝတ်ထားကြပါတယ်။
လန်ဒန်မြို့လယ်က ဆန္ဒပြပွဲတွေ အများစုက ငြိမ်းချမ်းပေမယ့် နောက်ပိုင်း ရုန်းရင်း ဆန်ခတ်မှုတွေအတွင်း ရဲအရာရှိ ၂၇ ယောက် ဒဏ်ရာရတယ်လို့ လန်ဒန်ရဲချုပ်က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် လန်ဒန်မှာ ဆန္ဒပြသူတွေ ထပ်မစုဝေးကြဖို့ လန်ဒန်ရဲချုပ်ကရော ကျန်းမာရေးဝန်ကြီး မတ်ဟန်းကွတ်ခ်ကပါ ဇွန် ၇ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။
9 months Ago