မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ကျေးရွာ ၇ ရွာ
Home
ကျေးရွာ ၇ ရွာ
May 24, 2020
1K
ရေစကြို ကျေးရွာ ၇ ရွာတွင် မြေအောက်ရေခန်းခြောက်၍ သောက်သုံးရေရှားပါး
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာမှာ မြေအောက်ရေခန်းခြောက်ပြီး သောက်သုံးရေးရှားပါးတာကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနက တရက်ကို ရေဂါလန် ၂၀၀၀ သွားရောက်လှူဒါန်းပေးနေရတယ်လို့ ရေစကြိုမြို့ မီးသတ်ဦးစီးအရာရှိ ဦးညီညီအောင်က ပြောပါတယ်။
“ကျနော့်ကို ဆက်သွယ်တဲ့ ရွာတွေက ၇ ရွာ ၈ ရွာလောက် ဒိုင်ခံရေရှားပါးနေတာ။ မဆက်သွယ်တဲ့ရွာတွေတော့ ရှိမှာပေါ့။ ဟိုတလောက မြေငလျင်လှုပ်လိုက်တာနဲ့ ရေတွင်းတွေက မြေအောက်ရေခန်းသွားတာလို့ ပြောတယ်။ စက်ရေတွင်းတွေက မြေအောက်ရေက မထွက်တော့တာ။ ထွက်လာတဲ့ရေနဲ့ မောင်းရတဲ့ ဆီနဲ့ မမျှတတာ။ ရေထွက်နှုန်း ကျဆင်းလာတာ။”
ရေစကြိုမြို့နယ်အတွင်းရှိ ဥက္ကံကျေးရွာ၊ ကျောက်ထပ်၊ ကျောက်လှေကား၊ ချင်းယား၊ ကျောက္ကာ၊ ရွာသစ်၊ ဘောင်ဘဲတန်း၊ သိမ်းကုန်း စတဲ့ ရွာတွေမှာ ရေကန်ရေခန်းတာနဲ့ မြေအောက်ရေ ခန်းခြောက်တာတွေကြောင့် သောက်သုံးရေ အခက်အခဲ ကြုံနေကြရတာပါ။
ရေစကြိုမြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ ကျေးရွာတွေကို ကံပွင့် အမွှေးတိုင်ကုမ္ပဏီ ရေအလှူတော်အသင်း၊ ကျေးရွေပရဟိတ အသင်းအဖွဲ့တွေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပေ၊ ပခုက္ကူမြို့က ပရဟိအဖွဲ့တွေနဲ့ စေတနာရှင် အလှူရှင်တွေ သောက်သုံးရေ သွားရောက်လှူဒါန်းပေးနေကြတယ်လို့ သိရပါတယ်။
မေ ၂၃ ရက်နေ့ကလည်း ရေစကြို့မြို့ မီးသတ်ဦးစီးဌာနက ကျောက္ကာကျေးရွာနဲ့ ချင်းယားကျေးရွာ နှစ်ရွာကို သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)၊ ဓာတ်ပုံ - ဦးညီညီအောင်
11 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up