မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ကျေးရွာ စောင့်ကြည့်ရေးစခန်းများ
Home
ကျေးရွာ စောင့်ကြည့်ရေးစခန်းများ
A
d
v
e
r
t
i
s
e
m
e
n
t
With Us
April 6, 2020
850
ဘားအံမြို့က ကျေးရွာ စောင့်ကြည့်ရေးစခန်းများတွင် အစိုးရအကူအညီ လိုအပ်နေ
ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့သူတွေကို COVID-19 စောင့်ကြပ်ကြည့်ရှုရေးနေရာတွေ ထားရှိဆောင်ရွက်နေတဲ့ ကျေးရွာတွေမှာ အစိုးရက ကူညီထောက်ပံ့ပေးဖို့ လိုအပ်နေတယ်လို့ ဘားအံမြို့နယ်၊ ဇာသပြင်အနောက်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးမင်းဟံသိန်းက ပြောပါတယ်။
ဇာသပြင်အနောက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမင်းဟံသိန်းက
“
စခန်းတခုဖွင့်တယ် ဆိုတာက ကျေးရွာအုပ်ချုပ်ရေးမှူးတယောက်နဲ့ စခန်းကိုဖွင့်လို့ အောင်မြင်မှာ မဟုတ်ဘူး။ အစိုးရပိုင်းကလည်း ကူညီထောက်ပံ့ပေးမယ်။ အသင်းအဖွဲ့တွေက ပံ့ပိုးဝိုင်းဝန်းပြီးလုပ်မှ ထိထိရောက်ရောက် အောင်မြင်မယ်
”
လို့ ပြောပါတယ်။
ကျေးရွာတွေက စောင့်ကြပ်ကြည့်ရှုရေးစင်တာတွေမှာ ပြည်ပက ပြန်လာသူတွေကို ကျန်းမာရေး၊ နေထိုင်စားသောက်ရေးတွေအတွက် ပြည်တွင်း၊ ပြည်ပ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ရပ်ရွာအလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ စောင့်ကြပ်ကြည့်ရှုနေရတယ်လို့ ဆိုပါတယ်။
ဘားအံမြို့နယ်၊ ဇာသပြင်အရှေ့ကျေးရွာ၊ COVID-19 စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးဌေးအောင်က
“
ကျနော်တို့က ကူညီတဲ့လူရှိတယ်။ လုပ်တဲ့လူရှိတယ်ဆိုလို့ရှိရင် အဆင်ပြေ အောင်မြင်သွားမယ်
”
လို့ ပြောပါတယ်။
ပြည်အစိုးရအနေ COVID-19 စောင့်ကြပ်ကြည့်ရှုရေးနေရာ ဖွင့်လှစ်ထားတဲ့ ကျေးရွာတွေကိုလည်း ကူညီထောက်ပံ့ပေးဖို့ လိုအပ်သလို ထောက်ပံ့ပေးဖို့ ဆွေးနွေးနေတာတွေ ရှိတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးက ဖုန်းနဲ့ဆက်သွယ် ပြောဆိုထားပါတယ်။
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်လူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက
“
အစိုးရက ကူညီပံ့ပိုးမယ်လို့ ဆွေးနွေးထားတယ်။ ကျနော်တို့ဘက်က အကြမ်းဖျင်းတော့ ဆွေးနွေးကြတယ်။ အနည်းငယ်တော့ ပေးသင့်တယ်။ သို့သော် ကျနော်တို့ ဘယ်လောက်ပေးနိုင်မယ်ဆိုတာ ကျနော်တို့ ပြန်ဆွေးနွေးကြဦးမယ်
”
လို့ ဆိုပါတယ်။
ကရင်ပြည်နယ်အစိုးရအနေနဲ့ ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးက ပြည်တော်ပြန်တွေကို စောင့်ကြပ်ကြည့်ရှုရေး(Quarantine Center)နေရာ ၁၁ ခု ဖွင့်လှစ်လက်ခံပြီး ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုပေးနေတဲ့အပြင် နေထိုင်စားသောက်ရေးနဲ့ လိုအပ်ချက်တွေအတွက် လိုအပ်တဲ့ ငွေကြေးသုံးစွဲနေရသလို တိကျတဲ့ ငွေကြေးသုံးစွဲမှုကိုတော့ တာဝန်ရှိသူတွေကို မေးမြန်းဖို့ ဝန်ကြီးက ဆိုပါတယ်။
ဘားအံမြို့နယ်၊ ဇာသပြင်အနောက်ကျေးရွာအုပ်စု၊ မန္တလေးရပ်ကွက်၊ မဝါဝါလွင်က
“
ရပ်ရွာလူကြီးကတော့ ခဏခဏလာတယ်။ အစ်မ ဘာမှ အကူအညီမတောင်းပါဘူး။ ကိုယ်ကြောင့်နဲ့ သူများရောဂါကူးသွားမှာလည်း ကြောက်တယ်
”
လို့ ပြောပါတယ်။
ဘားအံခရိုင်အတွင်းကို ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့သူ ၂ သောင်းနီးပါးရှိပြီး ဝင်ရောက်လာသူတွေကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အစီအစဉ်နဲ့ စာသင်ကျောင်း၊ ဆေးပေးခန်း၊ သာသနိကအဆောက်အအုံတွေမှာ ၁၄ ရက် စောင့်ကြည့်မှုတွေ ဆောင်ရွက်နေတာတွေ ရှိပါတယ်။
ရဲမင်းခေါင်
11 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up