ကျေးဇူးတင်ကြောင်း

A d v e r t i s e m e n t With Us

January 18, 2020

မန်ယူနိုက်တက် ပရိသတ်များကို ကျေးဇူးတင်ကြောင်း အက်ရှ်လေယန်းပြော

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ရှိကြောင်း အင်တာမီလန်ကို ပြောင်းရွှေ့သွားတဲ့ နောက်ခံလူ အက်ရှ်လေယန်းက ပြောပါတယ်။  အသက် ၃၄ နှစ်ရှိ မန်ယူအသင်းခေါင်းဆောင် အက်ရှ်လေယန်းဟာ အသင်းမှာ ပွဲထွက်ခွင့် နည်းပါးလာခဲ့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။  အက်ရှ်လေယန်းကို အင်တာမီလန်အသင်းက ၆ လ စာချုပ်နဲ့ ခေါ်ယူခဲ့ပြီး နောက်ထပ် တနှစ် သက်တမ်းတိုးမယ့် သဘောတူညီမှုလည်း ပါဝင်ပါတယ်။ အသင်းရဲ့ သူရဲကောင်းတွေနဲ့အတူ ကစားခွင့်ရဖို့အတွက် အခွင့်အရေးပေးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ကျေးဇူးတင်ရှိပြီး ဂန္ထဝင်နည်းပြတွေရဲ့လက်အောက်မှာ ဆုဖလားတွေ ရယူနိုင်ခဲ့တဲ့အပြင် အသင်းခေါင်းဆောင် ရာထူးပါ ပေးအပ်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း အက်ရှ်လေယန်းက ပြောပါတယ်။ အသင်းရဲ့ အနိမ့် အမြင့် အတက်အကျတွေထဲမှာ ကွင်းထဲဝင်လာတိုင်း အထူးအားပေးမှုတွေ ပြုလုပ်ခဲ့ကြတဲ့ ယူနိုက်တက် ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း အက်ရှ်လန်ယန်းက တွစ်တာကနေတဆင့် နှုတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up