ကျော်သူ

A d v e r t i s e m e n t With Us

May 25, 2020

မင်းသားကြီးကျော်သူနှင့် အနန္တမေတ္တာပရဟိတအဖွဲ့ ဇာတ်ပို့၊ ဇာတ်ရံ၊ ဇာတ်ညွှန်းအလွှာသို့ စားနပ်ရိက္ခာလှူဒါန်း (ဓာတ်ပုံ)

ပရဟိတ မင်းသားကြီးလို့ သိကြတဲ့ သရုပ်ဆောင်မင်းသားကြီး ကျော်သူရဲ့ နာရေး ကူညီမှုအသင်းနဲ့ အနန္တမေတ္တာပရဟိတအဖွဲ့တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်တွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့ကြပါတယ်။ ခုလို လှူဒါန်းမှုမှာတော့ ရုပ်ရှင်မိသားစုဝင်တွေ ဖြစ်ကြတဲ့ ဇာတ်ပို့ ဇာတ်ရံတွေ၊ ဇာတ်လမ်း ဇာတ်ညွှန်းပညာရှင်တွေနဲ့အတူ ဂါရဝတရားထားရှိရတဲ့ နာယကကြီးတွေအတွက် ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအတွက် အထောက်အကူပြုမယ့် ဆန်၊ ဆီ၊ သကြား၊ အာလူး၊ ကြက်သွန် လူသုံးကုန်ပစ္စည်းတွေနဲ့ မိုးတွင်းကာလအတွက် မိုးကာ၊ ဂျာကင် စတဲ့ အသုံးအဆောင်တွေကို လှူဒါန်းခဲ့ကြတာလို့ ဆိုပါတယ်။ ဒီလှူဒါန်းပွဲကိုတော့ သရုပ်ဆောင်မင်းသားတွေ ဖြစ်ကြတဲ့ ထွန်းကိုကို၊ ဇွဲလရောင်၊ စွမ်းထက် စတဲ့ သရုပ်ဆောင်တွေလည်း တက်ရောက်ကာ ပါဝင်ကူညီခဲ့ကြပြီး ကျော်သူက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုရေးသားပြီး အလှူမှတ်တမ်းတင်ဓာတ်ပုံတွေကို ပြန်လည် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။ “အလှူပွဲတော် အောင်ပြီ! အောင်ပြီ! အောင်ပြီ! ယနေ့ မိမိ၏ မိခင်တပ်ရင်းဖြစ်သော၊ မိမိ၏အောင်မြေဖြစ်သော၊ မိမိ၏ခင်ပွန်းကြီးဆယ်ပါးတွင် အပါအဝင်ဖြစ်သော မြန် မာ့ရုပ်ရှင်လောကအတွက် နိုင်သလောက် လှူဒါန်းခဲ့သည့် အလှူပွဲအား ပရဟိတ စည်းလုံးခြင်း အင်အားနှင့် အောင်မြင်ခဲ့ပါပြီ။ ကောင်းမှုအစုစုကို (၃၁) ဘုံကျင်လည်ကြကုန်သော သတ္တဝါအပေါင်းအားအမျှ အမျှ အမျှပေးဝေငှပါသည်။ သာဓု သာဓု သာဓုပါခင်ဗျ။”
9 months Ago

December 13, 2019

ကျော်သူ၊ ဒေါင်း၊ မို့မို့မြင့်အောင်၊ မေမြင့်မိုရ်တို့ ပါဝင်သည့် ၁၀၁၄ ရုပ်ရှင်(နမူနာ)

ဝါရင့်သရုပ်ဆောင်မင်းသားကြီး ကျော်သူ ဒါရိုက်တာအနေနဲ့ ရိုက်ကူးပုံဖော်ထား တဲ့ ၁၀၁၄ ရုပ်ရှင်ကို လာမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။  ဒီရုပ်ရှင်ကားကိုတော့ ဝရဇိန်ရုပ်ရှင်ထုတ်လုပ်ရေးက ပွဲဦးထွက်အနေနဲ့ ထုတ်လုပ် လိုက်တာ ဖြစ်ပါတယ်။  ၁၀၁၄ လို့ ထူးထူးခြားခြား အမည်ပေးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာနိုင် ငံရဲ့ သာသနာပြုမင်းတစ်ပါးဖြစ်တဲ့ အနော်ရထာမင်းမွေးတဲ့ ၁၀၁၄ ခုနှစ်မတိုင်ခင် အဖြစ် အပျက်တွေကို ရိုက်ကူးထားတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဗုဒ္ဓသာသနာ ပေါ်ပေါက်လာပုံ တ ပိုင်းတစကိုလည်း ရှုစားကြရမှာ ဖြစ်ပါတယ်။  ဒီကားထဲမှာ အဓိကသရုပ်ဆောင်တွေအနေနဲ့ ကျော်သူနဲ့အတူ ဒေါင်း၊ ထွန်းကိုကို၊ ထူးအောင်၊ မို့မို့မြင့်အောင်၊ မေမြင့်မိုရ်စတဲ့ သရုပ်ဆောင်တွေက ပါဝင်ထားကြတာပါ။   ဝါရင့်ရော့ခ်အဆိုတော် ၂ ဦးဖြစ်တဲ့ ဇော်ဝင်းထွဋ်နဲ့ R. ဇာနည်တို့ သီဆိုထားတဲ့ ‘ဓမ္မနှင့် အဓမ္မ’အမည်ရတဲ့ ဒီရုပ်ရှင်ကားထဲက ရုပ်ရှင်ဇာတ်ဝင်တေးဟာလည်း ပရိသတ် တွေကြားမှာ ရေပန်းစားနေခဲ့တာပါ။  လတ်တလောမှာတော့ ဒီရုပ်ရှင် Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၈ သိန်းကျော်  ရှိနေခဲ့ပြီ ဖြစ် ပါတယ်။
1 year Ago
Up