ကျော်လွန်

A d v e r t i s e m e n t With Us

January 24, 2021

လျှပ်စစ်ဖြန့်ဖြူးပေးနိုင်မှု ရည်မှန်းချက်ထက် ကျော်လွန်နေပြီဟု ဝန်ကြီးပြော

မြန်မာနိုင်ငံမှာ လက်ရှိအချိန် လျှပ်စစ်ဖြန့်ဖြူးပေးနိုင်တာဟာ ရည်မှန်းချက်ထက် ကျော်လွန်နေပြီလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးက ပြောပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်၊ လျှပ်စစ်ကဏ္ဍအတွက် ပထမ ၃ လပတ်မှာ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေအပေါ် ပြန်သုံးသပ်တဲ့၊ ဒုတိယ၊ တတိယ ၃ လပတ်တို့မှာ ဆက်လုပ်မယ့် အစီအမံတွေနဲ့ပတ်သက်တဲ့ ဇန်နဝါရီ ၂၂ ရက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောတာပါ။ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဝန်ကြီးဌာနရဲ့ အဓိက ရည်မှန်းချက်တာဝန်ဟာ ၂၀၂၀-၂၁ ခုနှစ်မှာ တနိုင်ငံလုံးရဲ့ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်မှာ ၇၅ ရာခိုင်နှုန်းနဲ့ ၂၀၃၀ ပြည့်နှစ်မှာ ရာခိုင်နှုန်းပြည့် နိုင်ငံတော်ဓာတ်အားစနစ်ကနေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရေးဖြစ်တယ်လို့ ဆိုပါတယ်။ အခုအချိန်မှာ တနိုင်ငံလုံးရဲ့ ၅၈ ရာခိုင်နှုန်းလောက်ကို ဓာတ်အားစနစ်ကနေ ဖြန့်ဖြူးပေးနေနိုင်တာကြောင့် ရည်မှန်းချက် ပြည့်မီရုံမက ကျော်လွန်နေပြီလို့ ဆိုပါတယ်။ အရင်တုန်းက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာမှာ ရေအားလျှပ်စစ်နဲ့ သဘာဝဓာတ်ငွေ့ကိုပဲ အခြေခံ ထုတ်လုပ်ခဲ့ပေမယ့် အခုအခါမှာတော့ သဘာဝဓာတ်ငွေ့ရည်ကနေ ထုတ်လုပ်လာနိုင်ပြီလို့ ဆိုပါတယ်။ ရည်မှန်းချက်တွေ ပြည့်မီဖို့အတွက် တနေ့မှာ ရွာပေါင်း ၁၀ ရွာကနေ ၁၅ ရွာလောက်အထိ လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးပေးဖို့၊ တနှစ်မှာ မီတာလုံးရေ ၄ သိန်းကနေ ၅ သိန်းအထိ တိုးချဲ့တပ်ဆင်ပေးဖို့ လိုတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
1 month Ago

May 30, 2020

ချီလီရှိ ကိုရိုနာအတည်ပြုလူနာဦးရေ တရုတ်ကို ကျော်လွန်၊ တနေ့တည်း ၅၄ ဦး သေဆုံး

ချီလီနိုင်ငံမှာ တွေ့ရှိရတဲ့ ကိုဗစ်နိုင်တင်းအတည်ပြုလူနာစာရင်းဟာ မေလ ၂၉ ရက်မှာပဲ ကိုးသောင်းကျော်ခဲ့ပြီ‌ေ တရုတ်ပြည်ကို ကျော်လွန်သွားတာလို့ သိရပါတယ်။  ချီလီကျန်းမာရေး အာဏာပိုင်တွေရဲ့ ကြေညာချက်အရ တနေ့တည်း သေဆုံးနှုန်းကလည်း  မေလ ၂၉ မှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး ၅၄ ဦး သေဆုံးတယ် ဆိုပါတယ်။  တရုတ်ရဲ့ သောကြာနေ့စာရင်းအရ အတည်ပြုလူနာ ၈၂,၉၉၅ ဦးပဲ ရှိတယ်လို့ တရားဝင်ကိန်း ဂဏန်းတွေက ဖော်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ကပ်ဘေးရဲ့ဗဟိုချက်ဖြစ်လာနေပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က မေ ၂၆ ရက်နေ့ကတည်းက ထုတ်ပြန်ထားပြီးသားပါ။  ချီလီမြို့တော် ဆန်တီယာဂိုမှာရှိတဲ့ အရေးပေါ်လူနာဆောင်တွေမှာ အခုဆိုရင် လူနာ ၉၇ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
9 months Ago
Up