ကျောင်းအုပ်ဆရာမကြီ

August 2, 2021

CDMကျောင်းအုပ်ဆရာမကြီး ၁ ဦး သာယာဝတီထောင်မှ လွတ်မြောက်

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ပေပင်ကုန်းကျေးရွာမှာ တာဝန်ကျတဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိဖြိုးပိုင်အေးဟာ သြဂုတ် ၂ ရက် ဒီနေ့ သာယာဝတီထောင်ကနေ လွတ်မြောက်လာတယ်လို့ သူနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

ပေပင်ကုန်းကျေးရွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိဖြိုးပိုင်အေးကို မေလ ၁၀ ရက် မနက် ၁ နာရီကျော်လောက်က သာယာဝတီခရိုင်၊  စစ်ကွင်းမြို့၊ ဘုရားကြီးလမ်းမှာရှိတဲ့ ဆရာမကြီးရဲ့ နေအိမ်မှာ အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဆရာမကြီးဟာ သာယာဝတီထောင်မှာ ပုဒ်မ ၅၀၅(က)နဲ့ အမှုတရားရင်ဆိုင်နေရကာ ၃ လနီးပါး ထိမ်းသိမ်းခံရပြီးနောက် ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့  ပညာရေးဝန်ထမ်းတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

3 months Ago
Up