ကျောင်းအပ်သူမရှိသေး

May 27, 2021

ပေါက်မြို့နယ် ကျွန်းရင်းရွာ အထကကျောင်းတွင် ကျောင်းအပ်သူမရှိသေး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာမှာ စစ်ကောင်စီက ကျောင်းအပ်လက်ခံတဲ့ မေ ၂၄ ရက်ကနေ ဒီနေ့ မေ ၂၇ ရက်အထိ ကျောင်းလာအပ်သူ မရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ကျေောင်းအပ်လက်ခံတာကို မေ ၂၄ ရက်ကနေ မေ ၃၀ ရက်အထိ သတ်မှတ်ထားတာ ဖြစ်ပြီး  ကျွန်းရင်းအထက ကျောင်းမှာ ဆရာ ဆရာမနဲ့ ပညာရေးဝန်ထမ်းပေါင်း  ၂၂ ယောက်ရှိတဲ့အထဲ  ၁၁ ယောက်က CDM လုပ်နေကြတာပါ။

ကျွန်းရင်းကျေးရွာဟာ အိမ်ခြေ ၄၅၀ ကျော်ရှိပြီး ကျောင်းသား မိဘတချို့က ကျောင်း အပ်ချင်ပေမဲ့ သူတို့ရဲ့ ကလေးတွေရဲ့အသက်အန္တရာယ်ကို စိုးရိမ်လို့ ကျောင်းမအပ်ကြတာလို့ ဆိုပါတယ်။  အဆိုပါကျေးရွာမှာ ၂၀၁၉-၂၀၂၀  ပညာသင်နှစ်စာရင်းအရ ကျောင်းသားဦးရေ ၅၀၀ လောက်ရှိပါတယ်။

6 months Ago
Up