ကျောင်းအပ်သူ

May 27, 2021

ရေးမြို့နယ်တွင် ကျောင်းအပ်သူ အနည်းအကျဉ်းသာရှိ

မွန်ပြည်နယ် ရေးမြို့နယ်မှာ အခြေခံပညာကျောင်းတွေ ရက်သတ္တပတ်အတွင်း ကျောင်းအပ်နှံရေးနေေအဖြစ် သတ်မှတ်ထားပေမယ့် ကျောင်းလာရောက်အပ်ကြတဲ့ ကျောင်းသားမိဘတွေ အနည်းကျဉ်းသာရှိတယ်လို့ သိရပါတယ်။

စာသင်ကျောင်းတွေမှာ ဗုံးပေါက်ကွဲ ဖြစ်စဉ်မျိုး ဖြစ်လာနေတာကြောင့် ကျောင်းသားမိဘတွေက ကျောင်းကို လုံခြုံရေးတွေ စိတ်မချရသလို ထပ်မံ ဗုံးပေါက်ကွဲမှုမျိုး ဖြစ်လာနိုင်တာကြောင့် ကိုယ့်ရဲ့ သားသမီး ကျောင်းပေးသွားတတ်ရာမှာ စိုးရိမ်တယ်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

မေလ ၂၀ ရက်နေ့က လမိုင်းမြို့ အထကနဲ့ မော့ကနင်ကျေးရွာ အထက ကျောင်းနဲ့ မေ ၂၂ ရက်နေ့က စံပြကျေးရွာ မူလတန်းကျောင်းမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

6 months Ago

May 24, 2021

သိန္နီမြို့ ကျောင်းများတွင် ကျောင်းအပ်သူ အနည်းငယ်သာရှိ

သိန္နီမြို့မှာ အကြမ်းဖက်စစ်ကောင်စီက ဖိအားပေးဖွင့်လှစ်မယ့် အခြေခံပညာကျောင်းတွေမှာ မေ ၂၄ ရက်မနက်ပိုင်းက ကျောင်းအပ်နှံသူ အနည်းငယ်ပဲရှိတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ဖွင့်လှစ်မယ့်ကျောင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းအားလုံးပိတ်ဆို့ လုံခြုံရေးယူထားပြီး ဒီကနေ့ကစတင်ပြီး ကျောင်းအပ်လက်ခံနေပေမယ့် ကျောင်းအပ်နှံသူ အနည်းငယ်ပဲ ရှိပါတယ်။

“ကျောင်းဆရာ ဆရာမတွေဟာ အရပ်ဝတ်နဲ့ ကျောင်းသား ကျောင်းသူတွေကို လက်ခံနေတယ်။ တချိုမြို့တွေမှာ ကျောင်းတွေမဖွင့်နိုင်တာ ဒီမြို့တစ်မြို့တည်းဖွင့်လို့ မဖြစ်နိုင်ဘူး။ မိဘတွေကလည်း ကလေးတွေ လုံခြုံရေး စိတ်မချလို့ မအပ်ကြတာလည်းပါတယ်” လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

သိန္နီမြို့ဟာ စစ်ကောင်စီအခြေစိုက်တပ်တွေ ဝိုင်းရံထားတဲ့ မြို့ဖြစ်သလို CDM မှာပါဝင်တဲ့ ပညာရေးဝန်ထမ်းဦးရေ ၇၀ နီးပါရှိပြီး စစ်ကောင်စီရဲ့ စောင့်ကြည့်ဖိအားပေးမှုတွေ ရှိသလို ကျောင်းသားကျောင်းသူတွေရဲ့ လုံခြုံရေးအတွက် စိတ်ပူတယ်လို့ မြို့ခံ​တွေက ပြောပါတယ်။

7 months Ago

ဖြူးမြို့က ကျောင်းများတွင်း ကျောင်းအပ်သူ ဆယ်ဂဏန်းခန့်သာရှိ (ဓာတ်ပုံ)

ဖြူးမြို့က အမှတ် (၃) အထက်တန်းကျောင်းမှာလည်း ဒီနေ့မွန်းတည့် ၁၂ နာရီထိ ကျောင်းလာအပ်တဲ့သူ ဆယ်ဂဏန်းလောက်ပဲ တွေ့ရသေးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အခြေခံပညာကျောင်းတွေကို မေ ၂၄ ရက်နေ့မှာ စတင်ပြီး ကျောင်းအပ်လက်ခံနေတာလည်း ဖြစ်ပါတယ်။

မြို့နယ်အတွင်းက ကျောင်းအချို့မှာ စစ်ကောင်စီလက်အောက်တာဝန်ထမ်းဆောင်နေတဲ့ မိသားစုတွေရဲ့ သားသမီး ဆယ်ဂဏန်းလောက်သာ ကျောင်းအပ်ပြီးတာကိုတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

​ကျောင်းအချို့ရဲ့ ကျောင်းအုပ်ဆရာ/ဆရာမအချို့ဟာ CDM မှာ ပါဝင်နေတာကြောင့် စစ်ကောင်စီနဲ့ပတ်သက်သူ ဆရာ/ဆရာမအချို့ကို ချက်ချင်းရာထူးတိုးပေးပြီး ကျောင်းအုပ်တာဝန် ထမ်းဆောင်ခိုင်းတာတွေလည်း ရှိလာတယ်လို့ သိရပါတယ်။

ဖြူးမြို့နယ်အတွင်း ပညာရေးဝန်ထမ်းပေါင်း ၂၇၀၀ လောက်ရှိပြီး  CDM မှာ ပါဝင်သူ ၁၄၀၀ ကျော်ရှိကာ အခုလက်ရှိ စစ်ကောင်စီအကြမ်းဖက်အဖွဲ့က  ပညာရေးဝန်ထမ်း ၈၂၇ ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ​ထုတ်ပြန်ခဲ့တာပါ။

ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့ကလည်း ဖြူးမြို့နယ်အတွင်းရှိ စာသင်ကျောင်းတွေအနီး ပေါက်ကွဲမှုဖြစ် ဖြစ်ပွားခဲ့ပါတယ်။

7 months Ago
Up