ကျောင်းအပ်နှံရေးလက်ကမ်းစာစောင်

May 22, 2021

မော်လမြိုင်မှာ ကျောင်းအပ်နှံရေး လက်ကမ်းစာစောင် ‌လိုက်လံဖြန့်ဝေ

မော်လမြိုင်က အမှတ် ၁၁ အခြေခံပညာအထက်တန်းကျောင်းမှာ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ ဆရာ၊ဆရာမတွေဟာ ကျောင်းအပ်နှံရေး လက်ကမ်းစာစောင်တွေ လိုက်လံ ဖြန့်ဝေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကျောင်းအပ်နှံရေး လက်ကမ်းစာစောင်ကို လမ်းသွားလမ်းလာ ပြည်သူတွေကို လိုက်လံ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ကျောင်းအပ်နှံရေးကာလကို မေ ၂၄ ရက်ကနေ ၃၁ ရက်အထိ သတ်မှတ်ထားပြီး အခြေခံပညာ‌ကျောင်းတွေကို ‌ဇွန် ၁ ရက်မှာ စတင်ဖွင့်လှစ်သွားမယ်လို့ ဆိုထားပါတယ်။

တဖက်မှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ မွန်ပြည်နယ်က CDM ဆရာ၊ ဆရာမ ၃၀၀၀ ကျော်ကို တာဝန်မှ ယာယီရပ်ဆိုင်းထားပါတယ်။

6 months Ago
Up