ကျောင်းသား ၆ ဦး သေဆုံး

February 22, 2020

အင်ဒိုနီးရှားတွင် ဒီရေ ရုတ်တရက်တက်မှုကြောင့် ကျောင်းသား ၆ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ယိုဂရတ်ကာတာပြည်နယ်မှာ ဖေဖော်ဝါရီ ၂၁ ရက်က  ဆွမ်ပေါ်မြစ် ဒီရေ ရုတ်တရက်တက်ခဲ့ပြီး လေ့လာရေးလုပ်နေတဲ့ ကျောင်းသား ၆ ယောက်ထက်မနည်း ရေနစ် သေဆုံးပါတယ်။ ဒါ့အပြင် နောက်ထပ်ကျောင်းသား ၅ ယောက်ထက်မနည်း ပျောက်ဆုံးနေပြီး ကျောင်းသား ၆ ယောက် အနည်းငယ် ဒဏ်ရာရခဲ့တယ်လို့လည်း ယိုဂရတ်ကာတာ ဘေးန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်က  ပြောပါတယ်။  လေ့လာရေးခရီးစဉ်အတွင်း အထက်တန်းကျောင်းသား အယောက် ၂၅၀ ခန့်ဟာ မြစ်တလျှောက် လမ်းလျှောက်နေကြပြီး အဲဒီအချိန် ဒီရေလှိုင်းကြီး  ရုတ်တရက် တက်လာကာ ကျောင်းသားတွေကို ဆွဲခေါ်သွားခဲ့ပါတယ်။ မြစ်အနီးဝန်းကျင်မှာ ကျောင်းသားတွေက  ကင်းထောက်လေ့လာရေး လုပ်နေတယ်လို့ ကယ်ဆယ်ရေးတာဝန်ရှိသူ အာဂွတ်စ်ဝီဘိုဝိုက ပြောခဲ့ပါတယ်။  မြစ်နားကို ကျောင်းသားတွေဆင်းချိန်မှာ မိုးရွာမနေဘဲ သူတို့တွေ လမ်းလျှောက်ရာမှာတော့ ရုတ်တရက် လှိုင်းကြီးတွေ တက်လာခဲ့တယ်လို့ ဝီဘိုဝိုက  ရှင်းပြပါတယ်။  အဲဒီနောက် ရှာဖွေကယ်ဆယ်ရေးမှာ ကူညီဖို့  ကယ်ဆယ်ရေး၊ ရဲနဲ့ စစ်သားတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ကို စေလွှတ်ထားတယ်လို့လည်း ဝီဘိုဝိုကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။
1 year Ago
Up