ကျောင်းသားသမဂ္ဂဝင် ၄ ဦး

May 13, 2021

နေပြည်တော် ကျောင်းသားသမဂ္ဂဝင် ၄ ဦး ရိုက်နှက်ဖမ်းဆီးခံရ

နေပြည်တော် ကျောင်းသားသမဂ္ဂဝင် ကျောင်းသား ၄ ယောက်ကို မနေ့ညနေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ကိုတေဇာဟိန်း၊ ကိုမြတ်ထူး၊ ကိုအေးချမ်းမင်းနဲ့ ကိုမင်းသူရထွန်းတို့ကို နေပြည်တော် ဒက္ခိဏသီရီမြို့နယ်က သူတို့ စုပေါင်းနေတဲ့အိမ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ပါးစေတွေက ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တယောက်က ပြောပါတယ်။

သူတို့ကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ ဒီနေ့အထိ မသိရသေးဘူးလို့လည်း သူက ဆိုပါတယ်။

စစ်တပ်ပိုင်မြ၀တီသတင်းမှာတော့ ကျောင်းသားတွေကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖမ်းမိတယ်လို့ ဖော်ပြထားပါတယ်။

7 months Ago
Up