ကိုလံဘီယာနိုင်ငံမှာ အလုပ်သမားတွေနဲ့ ကျောင်းသားတွေက သမ္မတ အီဗန်ဒူကေးရဲ့ လူမှုရေးနဲ့ စီးပွားရေးမူဝါဒတွေကို ဆန့်ကျင်ပြီး စက်တင်ဘာ ၂၁ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။
စီးပွားရေး အကျပ်အတည်းဆိုက်နေပြီး မကြာသေးခင်က ရဲတပ်ဖွဲ့ရဲ့ နှိပ်စက်တဲ့ဖြစ်ရပ်တွေ ပေါ်ပေါက်နေချိန်မှာ အလုပ်သမားတွေနဲ့ ကျောင်းသားတွေက ဆန္ဒပြပွဲကြီး ပြန်လုပ်ဖို့ ကြိုးပမ်းနေတာပါ။
ရဲတပ်ဖွဲ့က ကျဉ်စက်နဲ့ ထပ်တလဲလဲ နှိပ်စက်တာကြောင့် ထိန်းသိမ်းခံရသူတစ်ဦး သေဆုံးခဲ့ရပြီး မြို့တော်ဘိုကိုတာနဲ့ အနီးဝန်းကျင် ဆိုချာမြို့တွေမှာ ပြီးခဲ့တဲ့လက ညဘက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ကာ လူ ၁၃ ယောက် သေဆုံး၊ ရာချီ ဒဏ်ရာရခဲ့ပါတယ်။
လူတွေ မတရားသဖြင့် သေဆုံးရတာကြောင့် သူ့အခွင့်အရေးအတွက် ဆန္ဒပြနေတာလို့ ၁၉ နှစ်အရွယ် ကျောင်းသူတစ်ဦးက ပြောပါတယ်။
အလုပ်သမားသမဂ္ဂတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေက မနှစ်က နှောင်းပိုင်းမှာ လုပ်ခဲ့တဲ့ ဆန္ဒပြပွဲကြီးတွေလုပ်ဖို့ မျှော်လင့်နေပါတယ်။
လုယက်မှုတွေကြောင့် မနှစ်တုန်းက မြို့တော်ဘိုကိုတာနဲ့ ကယ်လီမြို့တွေမှာ ကာဖျူးအမိန့်တွေကို ထုတ်ပြန်ခဲ့ရပြီးနောက်ပိုင်း ခရစ္စမတ် အားလပ်ရက်မတိုင်မီ ဆန္ဒပြပွဲတွေ ကျဲသွားခဲ့ပါတယ်။
ဒီနှစ်အစောပိုင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆန္ဒပြပွဲတွေ ပြန်စမယ့်အစီအစဉ်တွေ ပျက်ခဲ့ရပါတယ်။
ကိုလံဘီယာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၆၅,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၄,၀၀၀ ကျော်ရှိလို့ ရိုက်တာသတင်းအရ သိရပါတယ်။
5 months Ago