ကျောင်းသားပြည်သူ

February 18, 2021

လှိုင်မြို့နယ်၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသားပြည်သူများဆန္ဒပြ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ  ဆရာ ၊ ဆရာမတွေနဲ့ ကျောင်းသားပြည်သူ အင်အား ၅၀၀ ကျော်ပါဝင်တဲ့  သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင် စနစ်ကျဆုံးရေးအတွက် ဖေဖော်ဝါရီ ၁၈ ရက်က  လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ 

ဒီမိုကရေစီရရှိရေး ၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးသံရုံးကို  သွားရောက်ခဲ့ပြီး အိတ်ဖွင့်စာများ ပေးအပ်ခဲ့ပါတယ်။

ဘူတာရုံလမ်း ကနေ ဘုရင်နောင့်လမ်းဆုံ အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပြီး ဘုရင့်နောင်စစ်ကြောရေးမှာ ဖမ်းဆီးခံနေရတဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ ပြန်လွှတ်ပေးရေးအတွက်လည်း ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ပါတယ်။

နန့်ခိုင်

2 years Ago
Up