ကျောင်းသား

March 9, 2021

ပခုက္ကူတွင် ကျောင်းသားနှင့် ပြည်သူ ၇ ဦး ဖမ်းဆီးခံရ

ပခုက္ကူတက္ကသိုလ်မှာ  စစ်တပ်တွေ တပ်စွဲထားတာကို  အလိုမရှိတဲ့အတွက်  မတ်လ ၈ ရက် ညနေက ဆန္ဒပြတဲ့ ကျောင်းသားတွေကို ရဲနဲ့စစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။

ခုလို အကြမ်းဖက် နှိမ်နှင်းမှုကြောင့် ကျောင်းသားနဲ့ ပြည်သူ ၇ ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

မြန်မာနိုင်ငံတဝန်းက တက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေမှာ စစ်တပ်က တပ်စွဲထားတဲ့အတွက် ဒေသခံပြည်သူတွေက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

2 months Ago

February 19, 2021

ဒဂုံတက္ကသိုလ် ကျောင်းသားထုအစည်းအဝေး ကျင်းပ

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦး‌ဆောင်ပြီး  ကျောင်းသားထုအစည်းအဝေးကို ဒီနေ့ မနက်ပိုင်း ၁၀ နာရီကနေ နေ့လယ် ၁ နာရီခွဲအထိ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

လှုပ်ရှားမှုနေရာစုံမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်နေတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကြား အခုထက်ပိုပြီး ကျစ်ကျစ်လျစ်လျစ် စုစည်းပြီး တော်လှန်ရေးလုပ်ငန်းစဉ်တွေကို စနစ်တကျ ချမှတ်ဖော်ဆောင်နိုင်ဖို့အတွက်လို့ ဆိုပါတယ်။

ဒီအစည်းဝေးမှာ နိုင်ငံတော်အာဏာကို မတရားလုယူထားတာနဲ့ ပတ်သက်ပြီး ကျောင်းသားထုတွေက အသီးသီး ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးကျင်းပနေတုန်း မနက် ၁၁ နာရီ ၁၅ မိနစ်မှာ စစ်အာဏာရှင်လက်ချက်နဲ့ ကျဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ဝမ်းနည်း၊ ဂုဏ်ပြုခဲ့ပါတယ်။

3 months Ago
More News
Up