တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်လက် မြင့်တက်နေပေမဲ့လည်း မေ ၂၇ ရက်က ကျောင်းတွေကို ပြန်ဖွင့်ခဲ့ပါတယ်။
တောင်ကိုရီးယားမှာ ကိုဗစ်-၁၉ ရောဂါ အသစ်ကူးစက်သူ အယောက် ၄၀ ရှိပြီး ၃၇ ယောက်ဟာ ပြည်တွင်းမှာ ကူးစက်သူတွေ ဖြစ်တယ်လို့ ရောဂါထိန်းချုပ်ရေးအဖွဲ့က ပြောပါတယ်။
မေ ၂၀ ရက်မှာ အထက်တန်းကျောင်းတွေ ပြန်ဖွင့်ခဲ့ပြီးနောက် အလယ်တန်း၊ မူလတန်းနဲ့ သူငယ်တန်းကျောင်းတွေကို ဖွင့်ခဲ့တာပါ။
ကျောင်းထဲဝင်လာကြတဲ့ ကျောင်းသား တစ်ယောက်စီကို ဆရာတွေက သာမိုမီတာတွေ၊ လက်သန့်ဆေးရည်တွေနဲ့ ကြိုဆိုကြခဲ့ကပြီး အဖျား ရှိ၊ မရှိ ကိုယ်ပူချိန် တိုင်းပေးပါတယ်။
တောင်ကိုရီးယားဟာ တရုတ်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများဆုံး ဖြစ်ခဲ့တာမို့လည်း မတ်လကတည်းက စလို့ နွေဦးရာသီ စာသင်နှစ် အစကို အကြိမ်ကြိမ် ရွေ့ဆိုင်းပြီး အွန်လိုင်းကနေ ပညာသင်ကြားရေးပြုလုပ်ခဲ့ပါတယ်။
လက်ရှိ တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၁,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၆၉ ယောက်ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။
9 months Ago