ကျောင်းမတက်ရေး ကမ်ပိန်း

April 24, 2021

မိတ္ထီလာတွင် မိဘ ဆရာ ကျောင်းသား သုံးနားညီတြိဂံ ကျောင်းမတက်ရေး ကမ်ပိန်းပြုလုပ်

မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ဧပြီ ၂၄ ရက်မနက်က မိဘ ဆရာ ကျောင်းသား သုံးနားညီတြိဂံ ကျောင်းမတက်ရေးကမ်ပိန်း လမ်းလျှောက်သပိတ်ပြုလုပ်ရာ ရဲနဲ့စစ်တပ်က ကားနဲ့လိုက်တိုက်ပြီး ပစ်ခတ်မှုရှိခဲ့ပါတယ်။

နဂါးရုံဘုရားမှာ ပရိတ်ပဌာန်းရွတ်နေတဲ့ CDM  ဆရာ ဆရာမ ၇ ဦးအား ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

   အရုဏ်ဦးသပိတ်မှာ ပစ်ခတ်မှူ ဖမ်းဆီးမှုတွေ ရှိနေပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့ခင်းဆိုင်ကယ်သပိတ်စစ်ကြောင်း ထပ်မံထွက်ခဲ့တယ်လို့ သိရပါတယ်။

7 months Ago
Up