ကျောင်းမတက်

May 3, 2021

စစ်ကျွန်ပညာရေးကို ကျောင်းမတက်ဘဲဆန့်ကျင်ကြရန် ထားဝယ် အကသ တိုက်တွန်း

စစ်ကျွန်ပညာရေးကို ဆန့်ကျင်ပြီး စစ်အုပ်စုက ဖွင့်လှစ်တဲ့ အခြေခံပညာကျောင်း ကိုယ်ပိုင်ကျောင်းတွေမှာ မတက်ကြဖို့ ထားဝယ်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

စစ်အုပ်စုက လက်ရှိမှာ CDM ဆရာ ဆရာမတွေကို ဖိနှိပ်နေတဲ့အပြင် ပညာရေးယန္တရားလည်ပတ်နိုင်ဖို့ တက္ကသိုလ်ဒီဂရီကောလိပ်တွေနဲ့ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးစားနေချိန်ဖြစ်ပါတယ်။

ထားဝယ်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတစ်ဦးက" ထားဝယ် အကသ အနေနဲ့ CDM နဲ့ Non CDM ဆရာ ဆရာမတွေရဲ့ နာမည်စာရင်းထုတ်ပြန်နိုင်ဖို့ စောင့်ကြည့်နေပြီး CDM ဆရာ ဆရာမတွေရဲ့အခက်အခဲကို ကူညီနိုင်ဖို့ လုပ်ဆောင်နေပါပြီ။ အကယ်၍ ကျောင်းသားတွေ CDM လုပ်တာကို ဖိအားပေးလာတဲ့သူတွေရှိရင်လည်း social punishment လုပ်သွားဖို့ ရည်ရွယ်ထားတယ်'' လို့ ပြောပါတယ်။

ကျောင်းတွေဖွင့်မယ်ဆိုရင်လည်း နိုင်ငံတော်သစ္စာဖောက်လောက်ကောင် ဆရာ ဆရာမတွေကပဲ သင်ကြားမယ့် ပညာရေး ရပ်ဝန်းဖြစ်နေတာကြောင့် တနင်္သာတိုင်းဒေသကြီးအတွင်း ခရိုင်သုံးခရိုင်အတွင်းက ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းမတက်ဘဲ သပိတ်မှောက်ကြဖို့၊ CDM ကျောင်းသားတွေ အဖြစ် အရေးတော်ပုံမှာ ပါဝင်ပေးကြဖို့ ထားဝယ်မြို့နယ် အခြေခံ ပညာကျောင်းသားများသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

CDM လုပ်မယ့်ကျောင်းသားကျောင်းသူတွေကို ဆရာဆရာမ၊ မိဘ၊ ပတ်ဝန်းကျင်တစ်ခုခုက ကျောင်းပြန်တက်ဖို့ ဖိအားပေးလာခဲ့ရင် အဆိုပါသမဂ္ဂကို လာရောက်အကြောင်းကြားပေးဖို့လည်း ထုတ်ပြန်ထားပါတယ်။

2 weeks Ago

April 23, 2021

အကြမ်းဖက်စစ်ကောင်စီလက်အောက် ကျောင်းမတက်ရန် မော်လမြိုင်လူငယ်များ လှုံ့ဆော်

အကြမ်းဖက် စစ်ကောင်စီလက်အောက်မှာ ကျောင်းတွေ ပြန်ဖွင့်လာခဲ့ရင် ကျောင်းပြန်မတက်ဖို့ မော်လမြိုင် လူငယ်တွေက ဧပြီ ၂‌‌၃ ရက်နေ့မှာ ‌တိုက်တွန်းလိုက်ပါတယ်။

လူငယ်တွေကတော့ တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ အတန်းဖော်တွေရဲ့ သွေးတွေ မခြောက်သေးကြောင်းနဲ့ သွေးစွန်နေတဲ့ လက်နဲ့ ပညာမသင်ဖို့ တိုက်တွန်းတာပါ။

အကြမ်းဖက် စစ်ကောင်စီဟာ လာမယ့် မေလဆန်းမှာ ကျောင်းတွေပြန်ဖွင့်ဖို့ စီစဉ်နေသလို သူတို့နဲ့ ပူးပေါင်းထားတဲ့ ဆရာ ဆရာမတွေကိုလည်း သင်တန်းတွေ ပို့ချနေတာပါ။

မော်လမြိုင်မှာ စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေတဲ့ လူငယ်တွေ စုပေါင်း ဧပြီ ၂‌၃ ရက်နေ့ မနက်ပိုင်းမှာ ပြောက်ကျားသပိတ် ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆန္ဒပြ မော်လမြိုင်လူငယ်တွေကတော့ ဒီအရေးတော်ပုံ တိုက်ပွဲမှာ  ဓမ္မသာနိုင်လိမ့်မယ်လို့ ဆိုကြပါတယ်။

3 weeks Ago
Up