ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ မီးခိုးမြူအန္တရာယ်ရှိအဆင့်ကို ရောက်ရှိနေတာကြောင့် ဇန်နဝါရီ ၂၂ ရက်က ကျောင်းပေါင်း ၄၃၇ ကျောင်းကို တရက်တာ ပိတ်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ကျောင်းသားမိဘတွေကတော့ မီးခိုးမြူနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေဘက်က ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့ တောင်းဆိုကြပါတယ်။
ဒီလအစောပိုင်းကတည်းက ဘန်ကောက်မြို့ လေထုညစ်ညမ်းမှုဟာ ပိုဆိုးလာနေပါတယ်။
ဇန်နဝါရီလ ၂၁ ရက်က ဘန်ကောက်မြို့နေရာ ၅၂ ခုမှာ အခု ၅၀ က အန္တရာယ်ရှိအဆင့် PM ၂ ဒသမ ၅ တွေ့ရှိရပါတယ်။ လေထု ၁ ကုဗမီတာမှာ မိုက်ခရိုဂရမ် ၅၅ ကနေ ၈၉ အထိ ပါဝင်နေပြီး အစိုးရ သတ်မှတ်ထားတဲ့ ဘေးကင်းအဆင့်ကို ကျော်လွန်နေပါတယ်။
နောက်ပြီး လေထုအတွင်း အမှုန်ပါဝင်မှု အလွန်မြင့်မားတဲ့ အဆိုဖက်ချာပူရီအရပ်က စိန့်ဒိုမီနစ်ကျောင်းကို ဇန်နဝါရီလ ၂၂ ရက်ကနေ ၂၄ ရက်အထိ ပိတ်ဖို့ ကြေညာထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းအရ သိရပါတယ်။
1 year Ago