ကျောင်းထိုင်ဘုန်းကြီး

October 16, 2019

 ၁၃ နှစ်သား ထိုင်းကိုရင်လေးကို ကျောင်းထိုင်ဘုန်းကြီးက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်

ထိုင်းနိုင်ငံမှာ အသက် ၁၃ နှစ်အရွယ် ကိုရင်လေးတပါးဟာ ကျောင်းထိုင်ဘုန်းကြီး တပါးရဲ့ လိင်ကျွန်ပြုအမြတ်ထုတ်ခံခဲ့ရတဲ့အတွက် အရေးယူပေးဖို့ ဖခင်ဖြစ်သူက ရဲတွေ ကို တိုင်ကြားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံအနောက်ဘက် ကန်ချနဘူရီခရိုင်မှာ ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဒေးလီးနယူးစ်သတင်းမှာ အောက်တိုဘာလ ၁၅ ရက်က ဖော်ပြပါတယ်။ အဆိုပါ ကိုရင်လေးဟာ ၅ ရက်ကြာ အကျဉ်းသားတယောက်လို နေထိုင်ခဲ့ရပြီး ကျောင်းထိုင်ဆရာတော်ရဲ့ လိင်ပိုင်းနှိပ်စက်ညှဉ်းပန်းမှုတွေ ခံခဲ့ရကာ တခြားဘုန်းကြီးတပါးရဲ့ အကူအညီနဲ့ လွတ်မြောက်လာခဲ့တာလို့ ဆိုပါတယ်။ ကိုရင်လေးက သူဟာ ဘုန်းကြီးကျောင်းမှာ အဆိုပါ ကျောင်းထိုင်ဘုန်းကြီးကို နေ့စဉ်နှိပ်နယ်ပေးရပြီး အလိုမတူပဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုခံခဲ့ရတယ်လို့ ရဲတွေကို ထွက်ဆိုခဲ့ပါတယ်။ ဒီအခြေအနေကို သူက မငြင်းဆန်ဝံ့တာဟာ အဆိုပါဘုန်းကြီးဆီမှာ ဓားနဲ့ သေနတ်ရှိနေတာမို့ ဘာမှမလုပ်နိုင်ဘဲ ရှိခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက်တော့ သူဟာ အဒေါ်ဖြစ်သူဆီ ဖုန်းဆက်သွယ်ခဲ့ပြီး ဖခင်ကို အကျိုးအကြောင်း ပြောပြခဲ့ချိန်မှာ သူ့ကို သက်သေရအောင် ခေတ္တနေထိုင်ဖို့ ပြောခဲ့တာပါ။ အဲဒီနောက်မှာတော့ ဘုန်းကြီးတပါးရဲ့ အကူအညီနဲ့ နောက်ကျောင်းတကျောင်းကို ပြောင်းရွှေ့နိုင်ခဲ့တာပါ။ ကူညီတဲ့ အဆိုပါ ဘုန်းကြီးကိုလည်း ကျောင်းထိုင်ဘုန်းကြီးက ထိုးကြိတ်ကန်ကျောက်ခဲ့ပြီး ရင်ဘတ်ကို ဆောင့်ကန်ကာ မျက်နှာကို အဆက်မပြတ်ထိုးခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။ လတ်တလောမှာတော့ ရဲတွေဆီမှာ လိုင်းချက်သက်သေတချို့ ရရှိထားခဲ့ပြီး ပြစ်မှု ကျူးလွန်သူ ကျောင်းထိုင်ဘုန်းကြီးကတော့ အားလုံးကို ငြင်းဆိုထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လတ်တလောမှာတော့ ဒီအဖြစ်အပျက်မှာ ကျောင်းထိုင်ဘုန်းကြီးက ပြစ်မှုကျူး လွန်မှုရှိ၊ မရှိ ဒေသခံတွေကြားမှာ စိတ်ဝင်စားမှုတွေ မြင့်တက်နေပြီး ရဲတွေရော၊ ဘာသာရေးဆိုင်ရာ တာဝန်ရှိသူတွေကပါ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။  Source: Daily News
2 years Ago
Up