ကျောင်းတကျောင်းရှေ့

December 4, 2019

ဗြိတိန်နိုင်ငံ ကျောင်းတကျောင်းရှေ့ ကလေးငယ်တစု ကားတိုက်ခံရ

ဗြိတိန်နိုင်ငံ အင်္ဂလန်တောင်ပိုင်း လော့တန်မြို့မှာ ဒီဇင်ဘာလ ၂ ရက်နေ့က  ကျောင်းရှေ့မှာရှိနေတဲ့ ကလေးငယ်တစုကို ကားတစီးဝင်တိုက်ခဲ့တာကြောင့် ကလေး ၁ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူဟာ  ၁၂ နှစ်အရွယ် ကလေး ဖြစ်ပြီး  ဆေးရုံမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။    ဒီယာဉ်တိုက်မှုမှာ ၅၃ နှစ်အရွယ်နဲ့ တခြား ကလေး ၄ ယောက်တို့ ဒဏ်ရာရပေမယ့်  အသက်အန္တရာယ် မရှိဘူးလို့ သိရပါတယ်။ ဒီယာဉ်တိုက်မှုမှာ ပါဝင်တဲ့ကားဟာ ခဲရောင် ဖို့ဒ်ကားတစီး ဖြစ်ပြီး ဗြိတိန်ရဲတပ်ဖွဲ့က လူသတ်မှု စုံစမ်းရေးလုပ်နေပါတယ်။ ကားတိုက်ခံရတဲ့ ကလေးအားလုံးဟာ အဲဒီကျောင်းမှာ တက်နေတဲ့ ကျောင်းသားတွေ  ဖြစ်ပုံရတယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
3 years Ago
Up