ကျောင်းကုန်း

October 29, 2021

ကျောင်းကုန်းတွင် စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့၊ ရှမ်းရွာအရှေ့ကျေးရွာရှိ  မိုင်တဲလ်တာဝါတိုင် System ပုံးကို ကျောင်းကုန်း ပြောက်ကျားတပ်ဖွဲ့ (KGSTF) ဒီနေ့မနက် ၂ နာရီ​ကျော်က ဖောက်ခွဲဖျက်ဆီးခဲ့​တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့ညကလည်း ကျောင်းကုန်းမြို့နယ် ကျူတောကုန်းရွာရှိ မိုင်တဲလ် System ပုံးအား ဖောက်ခွဲဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

​ဧရာ၀တီတိုင်းမှာ အကြမ်းဖက်စစ်တပ်ပိုင် မိုင်တဲလ် တာဝါတိုင်တွေကို ​အောက်တိုဘာလအတွင်းမှာ မြို့ပြ​ပြောက်ကျားတပ်ဖွဲ့တွေက တိုက်ခိုက်မှုတိုးမြှင့်လုပ်​ဆောင်နေတယ်လို့ သိရပါတယ်။

​အောက်တိုဘာ ၂၈ ရက်ညက ​မြောင်းမြမြို့နှင့်ဝါးခယ်မမြို့ကြားရှိ မ​ဒေါ့​ချောင်း​ကျေးရွာရှိ မိုင်တဲလ် တာဝါတိုင်အား ဝါးခယ်မမြို့ပြ​ပြောက်ကျားအဖွဲ့က ဗုံးခွဲတိုက်ခဲ့​တယ်လို့ သိရပါတယ်။

1 month Ago

July 9, 2021

ကျောင်းကုန်းတွင် အမျိုးသမီးတစ်ဦးအားသတ်ပြီး ပစ္စည်းလုယက်ခဲ့သူ ၂ ဦးကို ဖမ်းမိ

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ ဇူလိုင်လ ၇ ရက်နေ့ ညပိုင်းက အသက် ၂၅ နှစ်အရွယ် အမျိုးသမီးအား သတ်ပြီး ဆိုင်ကယ်နဲ့ ပစ္စည်းလုယက်ခဲ့သူ ၂ ဦးကို ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။

ပုသိမ်မြို့က ငွေချေးလုပ်ငန်းတစ်ခုမှာ လုပ်ကိုင်ပြီး ဒါးကမြို့မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် မကေခိုင်မိုးကို ကိုင်းတာကျေးရွာသွားလမ်းမဘေးမှာ ဓားနဲ့ခုတ်သတ်ပြီး ဆိုင်ကယ်နဲ့ ရွှေထည်ပစ္စည်းတွေကို လုယူခဲ့ကြောင်း တရားခံ ၂ ဦးက ထွက်ဆိုတယ်လို့ သိရပါတယ်။

မကေခိုင်မိုးကို သတ်ခဲ့တဲ့ ရှိုင်းထက်အောင်နဲ့ မျိုးကျော်ကျော်တို့ကို လက်ကောက် ၁ ကွင်း၊ နားကပ် တစ်ဖက်၊ ဆိုင်ကယ်တို့နဲ့အတူ ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့ဝင် ၁ ဦးက ပြောပါတယ်။

တရားခံ ရှိုင်းထက်အောင်နဲ့ ထွန်းလင်းအောင်တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၂၆ စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ကာ ကျောင်းကုန်းမြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့ ကြိုးတံတားအောက်မှာ ပြီးခဲ့တဲ့ ဇွန်လပိုင်းက လူငယ်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို လူသတ်သမား ၂ ဦးက သတ်ဖြတ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံ ၃ ဦးကို ဖမ်းမိခဲ့ပါတယ်။

5 months Ago
More News
Up