ဟောင်ကောင်မှာ ကိုဗစ်-၁၉ လူနာကူးစက်မှုတွေ ပိုမြင့်တက်လာတာမို့ ပညာရေးဗျုရိုက ဇူလိုင် ၁၀ ရက်နေ့ကစလို့ ကျောင်းအားလုံးကို ပြန်ပိတ်ခိုင်းထားလိုက်ပါတယ်။
ဟောင်ကောင်မှာ ကျောင်းအများစုဟာ ဇန်နဝါရီလကတည်းက ပိတ်ထားခဲ့သလို နိုင်ငံတကာကျောင်းတွေလည်း နွေရာသီကျောင်းပိတ်ကာလနဲ့ တိုက်ဆိုင်နေတာမို့ ပိတ်ထားခဲ့တာ ကြာပါပြီ။
ဟောင်ကောင်မှာ ဇူလိုင် ၁၀ ရက်နေ့ တရက်တည်း အသစ်တွေ့ အတည်ပြုလူနာ ၄၂ ဦး တွေ့ခဲ့ပါတယ်။ ဒီထဲက ၃၂ ဦးဟာ ပြည်တွင်းနေအချင်းချင်း ကူးစက်တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
ကျောင်းသားမိဘ တော်တော်များများကလည်း အခုလို ပြည်တွင်းနေအချင်းချင်း ကူးစက်မှု မြင့်တက်လာတာကို စိုးရိမ်နေကြတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
8 months Ago