မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၁၉ လမ်း၊ ၈၉ လမ်းနဲ့ လမ်း ၉၀ ကြားရှိ ကျောက်သပိတ်ရဲကင်းစခန်း နိုဝင်ဘာ ၁၃ ရက် ည ၇ နာရီဝန်းကျင်အချိန်က လက်လုပ်ဗုံး မီးပုလင်းနဲ့ ပစ်ခံရပါတယ်။
ရဲစခန်း နောက်ကျောဘက်ကနေ အမည်မသိ လူငယ် နှစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်ပစ်တာ ဖြစ်ပြီး ရဲကင်းအတွင်းရှိ အိပ်ဆောင် အနည်းငယ် မီးစွဲလောင်သွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ကျောက်သပိတ်ရဲကင်းစခန်း လက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရပြီး အနီးပတ်ဝန်းကျင်ရှိ အမျိုးသမီး ၂ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၁၉လမ်း၊ ၈၉ လမ်း နဲ့ လမ်း ၉၀ ကြားရှိ ကျောက်သပိတ်ရဲကင်းစခန်း စက်တင်ဘာလ ၁၃ ရက် မနက် ၁၀ နာရီကျော်လော်က လက်လုပ်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရပါတယ်။
ရေသန့်ဘူးနဲ့လုပ်ထားတဲ့ လက်လုပ်ဗုံးနဲ့ အမည်မသိ လူငယ် ၂ ယောက်က ဆိုင်ကယ်နဲ့ လာရောက်ပစ်တာဖြစ်ပြီး ရဲကင်းထဲက ပြန်လည်ပစ်တာရှိတယ်လို့ သိရပါတယ်။
“ဗုံးသံကြားပြီး မကြာဘူး သေနတ်သံကြားတယ်။ အရပ်ထဲပြောတာတော့ အနားက အမျိုးသမီး နှစ်ယောက်ထိတယ်ပြောတယ်။ နောက်ပြီး ဗုံးသံကြောင့် အမျိုးသမီးတစ်ယောက် လန့်သေတယ် လို့ လည်း ပြောနေတယ်။ အတိအကျတော့ မသိရဘူး။” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦး က ပြောပါတယ်။
လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် အသက် ၆၀ ကျော်အမျိုးသမီးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတို့ ထိခိုက်ဒဏ်ရာရပြီး မန္တလေးဆေးရုံကြီးမှာ တင်ပို့ထားတယ်လို့ သိရပါတယ်။