ကျောက်မျက်ရတနာစျေး

December 20, 2020

မိုးကုတ် ကျောက်မျက်ရတနာစျေးများ ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပြန်ဖွင့်

မန္တလေးတိုင်း မိုးကုတ်မြို့နယ်​က ကျောက်မျက်ရတနာ ထာပွဲစျေးတွေကို ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ဒီဇင်ဘာ ၂၀ ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ ပွဲဈေးတာဝန်ရှိသူတွေက ပြောပါတယ်။ ကျောက်မျက်ရတနာ ထာပွဲစျေးတွေကို မြို့နယ်စည်ပင်ဥက္ကဋ္ဌတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အစည်းဝေးဆုံးဖြတ်ချက် ကိုဗစ်စည်းကမ်းနဲ့အညီ ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။ ကျောက်မျက်ရတနာထာပွဲစျေး လာတဲ့ ကျောက်ကုန်သည်တိုင်းကို mask တပ်စေတာ၊ Hand gel ဆောင်စေတာတွေအပြင် အပူချိန်တိုင်းမှုတွေကို မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ကနေ ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ တရက်ခြားစီ စုံ၊မ ပုံစံနဲ့ တရက်ခြား ရောင်းချပေးဖို့နဲ့ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာပေးဖို့တောင်းဆို​ပြီး ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။ ကျောက်မျက်ရတနာထာပွဲစျေးတွေကို ကိုဗစ်ရောဂါကြောင့် ပိတ်ထားခဲ့တာ နှစ်လကျော်ပြီ ဖြစ်ပြီး မြို့ရဲ့ စီးပွားရေးအခြေအနေနဲ့ ပြည်သူတွေ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေကြတာကြောင့် ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ သတင်း - ဟန်နာထက်အောင်
4 months Ago

December 19, 2020

၂ လကျော်ပိတ်ထားသည့် မိုးကုတ်ကျောက်မျက်ရတနာစျေးများ ပြန်ဖွင့်ရန် ဆေးဖျန်း

နှစ်လကျော်ပိတ်ထားတဲ့ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့က ကျောက်မျက်ရတနာစျေးတွေကို ပြန်ဖွင့်ဖို့ အရောင်းအဝယ် အဓိကနေရာ ပန်းခြံထာပွဲစျေးကို လူမှုကယ်ဆယ်ရေးအဖွဲ့က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပိုးသတ်ဆေးဖျန်းခဲ့တယ်လို့  မြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနက သိရပါတယ်။ ကျောက်မျက်ရတနာ ထာပွဲစျေးတွေကို မြို့နယ် ကိုဗစ်တားဆီးကာကွယ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတွေရဲ့ ခွင့်ပြုချက်အရ ဒီဇင်ဘာ ၂၀ ရက်ကစ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ကျောက်မျက်ရတနာဈေးမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကာကွယ်တားဆီးရေးအတွက် ကျောက်မျက်ရောင်းချတဲ့ ဆိုင်တွေမှာ စုံ၊ မ ခွဲပြီး တရက်ခြား ရောင်းချစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆိုင်တွေမှာ hand gel ထားတာ၊ Mask နဲ့ face shield တပ်ဆင်တာနဲ့ လက်အိတ်စွပ်ဖို့လည်း တိုက်တွနိးထားပြီး ကျန်းမာရေးစည်းကမ်းချက်နဲ့အညီ  ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ကျောက်မျက်ရတနာထာပွဲစျေးတွေကို ကိုဗစ်ရောဂါကြောင့် ပိတ်ထားခဲ့တာ နှစ်လကျော်ပြီ ဖြစ်တာကြောင့် မြို့နေလူထုရဲ့ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သတင်း - ဟန်နာထက်အောင်
4 months Ago
Up