ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ

May 18, 2020

ဖားကန့်မြို့နယ် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတခုတွင် မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ္မဖြစ်ကျေးရွာ မင်္ဂလာတော်ဝင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှာ မေ ၁၈ ရက်မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ လုံးခင်းရဲစခန်းက သိရပါတယ်။ မင်္ဂလာတော်ဝင်ကျောက်မျက်တူးဖော်ရေး သက်တမ်းကုန် ကုမ္ပဏီဝင်းအတွင်း စက်ပြင်ခန်းက အင်ဗာတာ အပူလွန်ကဲပြီး မီးစလောင်ပြီး ကပ်လျက် သွပ်ဂိုတောင် ၁ လုံး အသုံးပြုမရသေးတဲ့ ဖိုးဝှီးကား ၁ စီး၊ ဝမ်းတူးဖိုက်ဆိုင်ကယ် ၅ စီးတို့ လောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်ရာကို နယ်မြေရဲတပ်ဖွဲ့တွေ၊ မြို့နယ်မီးသတ်ဖွဲ့တွေ ကြက်ခြေနီတပ်ဖွဲ့တွေ စုပေါင်းပြီး မီးသတ်ယာဉ် ၆ စီး ရေသယ်ယာဉ် ၃ စီးနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပါတယ်။ လူထိခိုက်မှုမရှိဘဲ ဆုံးရှုံးမှုတန်ဖိုး ၄၈ သိန်းလောက်ရှိတယ်လို့ သိရပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး ကုမ္ပဏီလုပ်ငန်း ကြီးကြပ်ရေးမှူးကို လုံးခင်းရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ၂၅၈ အရ အရေးယူအမှုဖွင့်ထားတယ်လို့ သိရပါတယ်။ မုန်းမုန်းမင်း
11 months Ago
Up