ကျောက်မဲသပိတ်

March 31, 2021

ကျောက်မဲသပိတ်ကို မျက်ရည်ယိုဗုံးဖြင့်ဖြိုခွင်း၊ အမျိုးသမီး ၁ ဦး သတိလစ်

ရှမ်းပြည်နယ် ကျောက်မဲမြို့က ပင်မသပိတ်ကို ဒီကနေ့ မတ်လ ၃၁ ရက် နေ့လယ်ပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေက အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။

အဲ့ဒီလို ဖြိုခွင်းရာမှာ ပင်မသပိတ်အနီးက နေအိမ်ခြံဝန်းအတွင်းကို မျက်ရည်ယိုဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆန္ဒပြရာမှာ မပါဝင်တဲ့ ရောဂါအခံရှိတဲ့ အိမ်ရှင်အမျိုးသမီး ၁ ဦး သတိလစ်မေ့မျောသွားလို့ ပြည်သူ့ဆေးရုံကိုပို့ဆောင်ပြီး ကုသနေရပါတယ်။

8 months Ago
Up