ကျောက်မီးသွေးစွမ်းအင်သုံး

October 12, 2019

မြိုင်ကလေး ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ ရေဆိုးကိစ္စ ကရင်ဝန်ကြီးချုပ် စစ်ဆေး (ဓာတ်ပုံ)

ကရင်ပြည်နယ်၊ ဘားအံမြို့ မြိုင်ကလေး တန် ၄၀၀၀ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံရှိ ကျောက်မီးသွေးစုပုံကွင်းမှ ရေဆိုးတွေ ကျေးရွာအုပ်စုပိုင် လယ်ယာ ချောင်းမြောင်းနဲ့ ရေတွင်းရေကန်တွေထဲ စီးဝင်နေတာကြောင့် ဒေသခံတွေ စိုးရိမ်မှု မြင့်တက်နေတဲ့အပေါ်  ကရင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ စစ်ဆေး တိုင်းတာချက်အရ ရေတွင်းတွေက ရေတွေဟာ သောက်လို့ရကြောင်း လက်တွေ့ သောက်သုံးပြပြိး စိုးရိမ်နေကြတဲ့ ဒေသခံတွေကို သက်သေပြခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတွေအတွက် ရေသန့်နဲ့ သောက်သုံးရေတွေလည်း ဖြန့်ဝေပေးခဲ့ပါတယ်။ ရေဆိုးမှ ရေနမူနာတွေကို အဆင်မြင့်ဓာတ်ခွဲတာတွေ ပြုလုပ်ပြီး တွေ့ရှိချက် အဖြေများအပေါ် စိစစ်ဆွေနွေးပြီး ဘေးကင်းလုံခြုံတဲ့ ကာကွယ်တွေ လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားခဲ့ပါတယ်။ Photo - MPA
2 years Ago
Up