ကျောက်ဖြူဆေးရုံ

A d v e r t i s e m e n t With Us

November 1, 2020

ကျောက်ဖြူဆေးရုံတွင် ရောဂါအခံမရှိသည့် ကိုဗစ်-၁၉ လူနာ ၁ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ အခြားရောဂါအခံမရှိတဲ့ ကိုဗစ်-၁၉ လူနာ အမျိုးသား ၁ ဦး ရောဂါပြင်းထန်တာကြောင့် ဒီနေ့မနက် သေဆုံးသွားတယ်လို့ သိရပါတယ်။ အသက် ၅၀ အရွယ် အမျိုးသားဟာ ကိုဗစ်ကူးစက်ခံရတာကြောင့်  အောက်တိုဘာ ၂၀ ရက်နေ့က ကျောက်ဖြူဆေးရုံကြီးမှာ တက်ရောက်ကုသနေတာဖြစ်ပြီး တစ်ခြားရောဂါအခံမရှိဘဲ ကိုဗစ်ရောဂါ လက္ခဏာပြင်းထန်တဲ့အတွက် သေဆုံးသွားတာလို့ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်က ဒီဗွီဘီကို ပြောပါတယ်။ “ကိုဗစ်ကြောင့် သေသွားတာပါ၊ တစ်ခြားရောဂါဘာမှမရှိပါဘူး။ အသက် ၅၀ ရှိပြီ၊ ယောကျ်ားပေါ့။ အဓိကကတော့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတာတွေကို တိတိကျကျလိုက်နာပေးဖို့ လိုအပ်တာပေါ့။” ကျောက်ဖြူမြို့နယ်မှာ သြဂုတ် ၂၅ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့မနက်အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၃၄၉ ဦးရှိတဲ့အနက် ဆေးရုံဆင်းခွင့်ရသူ ၃၃၄ ဦးရှိပြီး သေဆုံးသူ ၁ ဦးနဲ့ ဆေးကုသမှုခံယူနေသူ ၁၄ ဦးရှိတယ်လို့ ဒေါက်တာရဲလွင်မောင်က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ကူးစက်ရောဂါကြောင့် သေဆုံးသွားသူတွေကတော့ စစ်တွေမြို့မှာ ၁၁ ဦး၊ မြောက်ဦးမြို့ ၂ ဦး၊ ပေါက်တောမြို့ ၂ ဦး၊ ကျောက်တော်မြို့ ၁ ဦး၊ ဘူးသီးတောင်မြို့ ၁ ဦးနဲ့ ကျောက်ဖြူမြို့မှာ ၁ ဦးအပါအဝင် သေဆုံးသူ ၁၈ ဦးထိရှိလာပြီလို့ သိရပါတယ်။ နောင်နောင် 
4 months Ago

September 30, 2020

ကျောက်ဖြူဆေးရုံ၌ ကိုဗစ်-၁၉ လူနာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး မီးဖွား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှာ  စက်တင်ဘာ ၂၉ ရက်က  ကိုဗစ်-၁၉ လူနာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး  မီးဖွားခဲ့တယ်လို့  ဆေးရုံအုပ်ကြီးက ပြောပါတယ်။  ကျောက်ဖြူက ကိုယ်ဝန်ဆောင် မိခင်တဦးဟာ နေမကောင်းတဲ့အတွက် ခရိုင်ပြည်သူ့ ဆေးရုံကြီးမှာ သွားရောက်ပြသစဉ် ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ရာမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာပါ။ အဆိုပါ ကိုဗစ်ပိုးတွေ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ဆေးကုသမှုခံယူနိုင်ဖို့ ဆေးရုံ သီးသန့်ဆောင်မှာ ရှိပြီးနောက် မနေ့ညနေက ကလေးမွေးဖွားခဲ့တာဖြစ်ပြီး  လက်ရှိ အချိန်မှာတော့ မိခင်ရော ကလေးပါကျန်းမာရေး ကောင်းမွန်နေတယ်လို့ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်က ပြောပါတယ်။ “ဗိုက်ကြီးလို့ မွေးခါနီးလို့မွေးတာ၊ အခု လောလောဆယ်အထိ  ကောင်းပါတယ်။ အခုကျနော် ဖြေတဲ့အချိန်ထိကောင်းတယ်။ ထားတာကတော့ ကလေးကို သူ့အမေနဲ့ထားရတာပေါ့။”  ကျောက်ဖြူမြို့မှာ သြဂုတ် ၂၅ ရက်ကစပြီး  ကိုဗစ်-၁၉ ကူးစက်ခံရသူတွေရှိလာပြီးနောက် နေ့စဉ်ရောဂါ ပိုးကူးစက်ခံရသူတွေဟာ တဖြည်းဖြည်းတိုးလာနေသလို ကိုဗစ်-၁၉ ကူးစက်ခံရသူ အတည်ပြုလူနာ ၂၀၀ ကျော်ထိရှိကာ ရောဂါသက်သာလို့ ဆေးရုံကဆင်းခွင့်ရသူလည်း ၁၀၀ ကျော်ရှိပါတယ်။ သတင်း-နောင်နောင် 
5 months Ago
More News
Up