ကျောက်ဖယားမြစ်

December 17, 2020

ဘန်ကောက်နှင့်ကျောက်ဖယားမြစ်တွင် မီးခိုးမြူကျ

ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်နဲ့ အဓိကမြစ်ဖြစ်တဲ့ ကျောက်ဖယားမြစ်တို့မှာ မီးခိုးမြူထူ တွေကို တွေ့ရတာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို ရင်ဆိုင်နေရတဲ့ လူတွေအတွက် ကျန်းမာရေးဆိုင်ရာ စိုးရိမ်စရာတွေ တိုးလာနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  ဘန်ကောက်မြို့တော်ရဲ့ လေနဲ့ အသံညစ်ညမ်းမှုရုံးရဲ့ အဆိုအရ မြို့တွင်း ၁၃ခရိုင်မှာ အင်္ဂါနေ့ နေ့ခင်းက လေထုအရည်အသွးဟာ တစ်ကုဗမီတာမှာ အမှုန် ၃၈ ကနေ ၁၁၆ မိုက်ခရွန်ထိ ပါနေပါတယ်။  ကျန်းမာရေးကို စတင် ထိခိုက်စေတဲ့ ပမာဏ ဖြစ်တဲ့ ၅၀ မိုက်ခရွန်ကို ကျော်လွန်နေတာပါ လေထုတွင်း အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာထက် သေးတဲ့ ဖုန်မှုန့် PM ၂ ဒသမ ၅ ပါဝင်မှု လျော့ကျဖို့ မျှော်လင့်ထားပေမဲ့ ကျန်းမာရေးကို စတင်ထိခိုက်တဲ့ အဆင့်ကိုတော့ ဆက်ပြီး ကျော်နေဦးမယ် ထင်တယ်လို့ ရုံးက ပြောပါတယ်။  မြို့ပြ အမြန် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်ဝန်းကျင် တိုင်း၊ခရိုင်တွေက စိုက်ပျိုးမြေတွေမှာ ရိုးပြတ် မီးရှို့တာတွေကြောင့် ဘန်ကောက်မြို့တော်တွင်း လေထုညစ်ညမ်းမှုဟာ နှစ်စဉ် ခြောက်သွေ့ ရာသီအတွင်း ပိုဆိုးလာနေပါတယ်။
4 months Ago
Up