ကျောက်ပုစွန်

June 6, 2020

ကျောက်ပုစွန် အခွန်မလျော့လျှင် ဥရောပသမဂ္ဂထုတ်ကားများကို ထပ်ဆောင်းခွန်ကောက်မည်ဟု ထရမ့် ခြိမ်းခြောက်

ဥရောပသမဂ္ဂက အမေရိကန်ကျောက်ပုစွန်တွေ အပေါ် အကောက်ခွန် လျှော့ချ မပေးရင် ဥရောပသမဂ္ဂထုတ် ကားတွေအပေါ် ထပ်ဆောင်းခွန် ကောက်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၅ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။   မိန်းပြည်နယ် ဘန်ဂေါမြို့မှာ စီးပွားဖြစ် ငါးဖမ်းသူတွေနဲ့ တွေ့ဆုံပွဲမှာ ခုလိုပြောခဲ့တာပါ။ ဆွေးနွေးပွဲတာဝန်ခံဖြစ်သူ အိမ်ဖြူတော်ကုန်သွယ်ရေးအကြံပေး ပီတာနာဗာရိုကိုလည်း ကျောက်ပုစွန် ဘုရင်လို့ နာမည်တပ်ခဲ့ပါတယ်။ တကယ်လို့ တရုတ်အစိုးရက အမေရိကန် ကျောက်ပုစွန်တွေအပေါ် အခွန်လျှော့မပေးရင် ထပ်ဆောင်းခွန်နဲ့ ပြန်ထိုးနှက်နိုင်မယ့် တရုတ်ကုန်စည်တွေ ဘာဖြစ်မလဲဆိုတာ သတ်မှတ် ဖော်ထုတ်ဖို့ကိုလည်း ထရမ့်က နာဗာရိုကို ခိုင်းခဲ့ပါတယ်။  ဒီပွဲစဉ်ကို မိန်းပြည်နယ် အုပ်ချုပ်ရေးမှူးလည်း တက်ရောက်ပါတယ်။ မိန်းပြည်နယ်ထွက် ကျောက်ပုစွန်တွေဟာ ကျောက်ပုစွန်လောကမှာ လူကြိုက်များတဲ့ အမျိုးအစားလည်း ဖြစ်ပါတယ်။
11 months Ago

February 11, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျောက်ဖြူ ကျောက်ပုစွန်နှင့် ကင်းပုစွန်လုပ်ငန်းများ ရပ်တန့်

တရုတ်နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ရေလုပ်ငန်းတွေကို များစွာ ထိခိုက်လာနေပြီး ကျောက်ပုစွန်၊ ကင်းပုစွန်နဲ့ ဂဏန်း ဝယ်ယူတာတွေ ရပ်တန့်ထားရတယ်လို့ သိရပါတယ်။ ကျောက်ဖြူမြို့ ကျောက်ပုစွန်နဲ့ ကင်းပုစွန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်အေးမောင်က “တရုတ်မှာ နှစ်သစ်ကူးတိုင်တာနဲ့ စျေးကောင်းဆုံးအချိန်မှာ ဒီဝူဟန်ဗိုင်းရပ်ဆိုပြီးပေါ်လာနဲ့ ကျနော်တို့ ဒီကျောက်ပုစွန်၊ ကင်းပုစွန်လုပ်ငန်းတို့ ဂယက်ရိုက်ပြီးတော့ တခါတည်း အရောင်းအဝယ် ရပ်ကိုရပ်သွားတယ်။ ဝူဟန်ကြောင့် တရုတ်တနိုင်ငံလုံးကို လေယာဉ်အသွားအလာပိတ်လိုက်တာနဲ့ မြန်မာနိုင်ငံမှာ ကျောက်ပုစွန်၊ ကင်းပုစွန်၊ ချောင်းဂဏန်းဖြစ်တဲ့ မူဆယ်ဂဏန်းလို့ ခေါ်တယ် ဂဏန်းလုပ်ငန်းဟာ လုံးဝကို ရပ်ဆိုင်းသွားတာကိုတွေ့ရတယ်” လို့ ပြောပါတယ်။ အလိုရပ်တန့်သွားတဲ့အတွက် ရေလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ အလုပ်သမားတွေ အခက်အခဲ ကြုံနေရတယ်လို့ ပြောပါတယ်။ “ကျနော်တို့ အဲဒီလိုလုပ်ငန်းတခု ရပ်ဆိုင်းသွားတယ်ဆိုတာနဲ့ ရေလုပ်ငန်းသမားတွေဟာ တဆင့်ပြီးတဆင့် အထက်က ကုမ္ပဏီ၊ ကုမ္ပဏီကနေပြီးတော့ ကျောက်ဖြူမြို့မှာရှိတဲ့လုပ်ငန်းရှင်၊ လုပ်ငန်းရှင်ကနေပြီးတော့ နယ်မှာရှိတဲ့လုပ်ငန်းရှင်၊ နယ်မှာရှိတဲ့လုပ်ငန်းရှင်က တဆင့် ဖမ်းဆီးတဲ့သူတွေ၊ ဖမ်းဆီးတဲ့လူတွေက တခါ အလုပ်သမားတွေနဲ့ မိသားစုတွေကအစ တကယ့်ကို အခက်အခဲနဲ့ရင်ဆိုင်နေရတာကို တွေ့နေရပါတယ်။” ကျောက်ပုစွန်၊ ကင်းပုစွန် လုပ်ငန်းရှင် ကိုစိန်လှက “တရုတ်ပြည်က Export လက်မခံသလိုဘာလို အဲလိုကြားတယ်၊ အဲဒါကြောင့်မို့လို့ ရန်ကုန်တောင်ပို့လို့မရဘူး အဲဒီအနေအထားရှိတယ်။ အခုဆိုရင် ကျနော်တို့ဒိုင်မှာ ပစ္စည်းတွေအဝယ်နားထားတယ် အခုလောလောစဉ်။ ဘယ်အချိန်၊ ဘယ်ကာလမှာ ဖွင့်ရမယ်ဆိုတာ ကျနော်တို့ အတိအကျမပြောနိုင်ဘူး၊ အဲဒါကြောင့် အခုလောလောစဉ် ကန်မှာပစ္စည်းတခုမရှိဘူး” လို့ ပြောပါတယ်။ ပြီးခဲ့နှစ်တွေက အခုလိုလတွေမှာ ကင်းပုစွန်နဲ့ ကျောက်ပုစွန် အမျိုးအစားအလိုက် တစ်ကီလိုလျှင် ၁ သိန်း ကျော်ထိ ပေါက်စျေးရှိခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စျေးထိုးကျပြီး စျေးကွက်ပျက်သွားခဲ့တဲ့အတွက် ကျောက်ပုစွန်၊ ကင်းပုစွန်တွေဟာ တစ်ကီလိုကို သောင်းကဏန်းလောက်သာ ရှိတော့တယ်လို့ သိရပါတယ်။ ကျောက်ပုစွန်၊ ကင်းပုစွန် လုပ်ငန်း ရေရှည်ရပ်တန့်ထားရပါက ဒေသအတွင်း ရေလုပ်ငန်းကို မှီခိုလုပ်ကိုင်စားသောက်သူတွေ အခက်အခဲများစွာ ကြုံရနိုင်တာကြောင့် အစိုးရတာဝန်ရှိသူတွေအနေနဲ့ တခြားနိုင်ငံတခုခုကို တင်ပို့ခွင့်ရအောင် လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း အဆိုပါလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ နောင်နောင်
1 year Ago
Up