ကျောက်ထုတ်စခန်း

A d v e r t i s e m e n t With Us

April 17, 2020

တောင်ငူထောင်နှင့် ကျောက်ထုတ်စခန်းက အကျဉ်းသား ၃၅၀ ကျော်လွတ်မြောက် 

ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်က အကျဉ်းသား/သူ ၂၀၁ ဦးနဲ့ ၄ မိုင် ကျောက်ထုတ်လုပ်ရေးစခန်းက အကျဉ်းသား ၁၅၄ ဦး စုစုပေါင်း ၃၅၅ ဦး ဒီကနေ့ ပြန်လွတ်မြောက်လာပါတယ်။ လွတ်မြောက်လာသူတွေကို တောင်ငူခရိုင် ၆ မြို့နယ်က သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ကြိုဆိုခဲ့ပြီး ရန်ကုန်နဲ့မန္တလေးမြို့တွေကို ပြန်မယ့်သူတွေကိုတော့ တောင်ငူဘူတာကို ပို့ဆောင်ပေးခဲ့ပါတယ်။ ပြန်လည်လွတ်မြောက်လာသူတွေကို ဘူတာရုံမှာ  ကိုဟန်မင်းဦးနဲ့ စေတနာရှင်၃ ဦးတို့က ထမင်းဘူး၊ ရေသန့်ဘူးနဲ့ နှာခေါင်းစည်းတွေ လှူဒါန်းခဲ့ပြီး  ရန်ကုန်ဘက်သို့ ၁၆ ဦးနဲ့ မန္တလေးဘက်သို့ ၅၁ ဦး အသီးသီး နေရပ်ပြန်သွားကြပါတယ်။
10 months Ago
Up